Pixel ဖုန်းကင်မရာပြဿနာကို ဖြေရှင်းဖို့ ဂူဂဲလ် ကြိုးစားနေ

အမေရိကန် နည်းပညာကုမ္ပဏီ ဂူဂဲလ်ကနေ ထုတ်လုပ်တဲ့ Pixel စမတ်ဖုန်းမှာ ကင်မရာပြဿနာရှိနေတာကြောင့် ဆော့ဝဲလ် တစ်ခုရေးသားပြီး အဲဒီချို့ယွင်းချက်ကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

14731092_10209784568363285_3707790441676488025_n

ဂူဂဲလ်ရဲ့မက်ဆေ့ဘုတ်မှာ Pixel ဖုန်းသုံးစွဲသူ အုပ်စုတစ်စုက ကင်မရာချို့ယွင်းချက်ကြောင့် ဖြစ်တဲ့ပုံတွေကို တင်ခဲ့ကြပါတယ်။ တကယ်တော့ ဂူဂဲလ်ကုမ္ပဏီက အခုထုတ်လုပ်လိုက်တဲ့ Pixel ဖုန်းတွေဟာ ကင်မရာအကောင်းဆုံး စမတ်ဖုန်းတွေဖြစ်ကြောင်း ကြေညာရောင်းချခဲ့တာဖြစ်ပါတယ်။
အသုံးပြုသူတစ်ချို့က ဂူဂဲလ်ရဲ့လုပ်ဆောင်ချက်လမ်းလွဲနေပြီး ဟတ်ဒ်ဝဲလ်ချို့ယွင်းချက်ကို ဆော့ဝဲလ်ရေးပြီးအဖြေရှာနေတယ် လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ကင်မရာမှန်ဘီလူး ၀ါးတာက ကင်မရာမှန်ဘီလူးတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Pixel ဖုန်းမှာက အခြားပြိုင်ဘက် စမတ်ဖုန်း တွေထက်ပိုပြီး အကြိမ်အများ ကြီးဖြစ်နေတာကြောင့် သုံးစွဲသူတွေရဲ့မကျေနပ်ချက် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လေ့လာသူတစ်ဦး ဖြစ်တဲ့ ဂျက်ဖ်စပင်ဂါက အဲဒီချို့ယွင်းချက် အတိမ်အနက်ကို ယူကျုဗွီဒီယိုဖိုင်နဲ့ တင်ပြခဲ့ပါတယ်။
“ချို့ယွင်းချက်က ဓါတ်ပုံကို ပျက်စီးစေတယ်” လို့ သူက ပြောခဲ့ပါတယ်။

အောက်တိုဘာလအတွင်းမှာ Pixel စမတ်ဖုန်းကို စတင်ဖြန့်ချိချိန် ဂူဂဲလ်က ကင်မရာစွမ်းဆောင်မှုကို တိုင်းတာတဲ့ DxOMark အဖွဲ့ကနေ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီချို့ယွင်းချက်ဟာ နေရောင်အပြည့်အ၀ရှိနေချိန်ရိုက်ကူးလို့ ရံဖန်ရံခါဖြစ်တာဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့စမ်းသပ်မှုက ဖော်ပြခဲ့ ပါတယ်။ ဒါပေမဲ့ အခြားအလင်းတွေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ မပြောဆိုခဲ့ပါဘူး။
ဂူဂဲလ်ကတော့ ဒီချို့ယွင်းချက်ကို ဖြေရှင်းနိုင်မယ့် ဆော့ဝဲလ်ရေးသားနေကြောင်းပြောဆိုထားပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner