?bph6

Place your ads here!

မက်ဘွတ်ခ်ပရို လက်တော့ပ်အသစ်မှာ (Touch Bar) ထည့်သွင်း

အမေရိကန်နည်းပညာကုမ္ပဏီ Apple က အသစ်ထုတ်လုပ်လိုက်တဲ့ မတ်ဘွတ်ခ်ပရိုမှာ ကီးဘုတ်ရဲ့အပေါ်မှာ ထိတွေ့အသုံးပြုနိုင် တဲ့ (Touch Bar) ထည့်သွင်းလိုက်တဲ့အပြင် လက်ဗွေရာဆင်ဆာပါထည့်သွင်းထားပေးကြောင်း သိရှိရပါတယ်။

14604872_10209784501601616_7773756376683943052_n

မက်ဘွတ်ခ်ပရိုအသစ်မှာ ပါဝင်လာတဲ့ Touch Bar က ဆော့ဝဲလ်တွေကို ခိုင်းစေနိုင်မယ့်လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး ဖန်ရှင်ကီးတွေကို အသုံးမပြုဘဲ Touch Bar ကိုပဲအသုံးပြုသွားလို့လည်း ရနိုင်မှာဖြစ်ကြောင်း Apple က ပြောပါတယ်။
၂၀၁၅ ခုနှစ်၊ မေလကတည်းက မက်ဘွတ်ခ်ပရိုကို Apple က update မလုပ်ခဲ့ပါဘူး။ update မလုပ်တာက Apple ရဲ့ရောင်းအား ကို အတိုင်းအတာတစ်ခုအထိတော့ ထိခိုက်စေခဲ့ပါတယ်။

“ update မလုပ်တာက ပြဿနာ တစ်စိတ်တစ်ပိုင်းပါပဲ၊ ဒါပေမဲ့ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတာကလည်း ရောင်းအားကျဆင်းတာကို စဉ်းစားတဲ့နေရမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်” လို့ နည်းပညာအတိုင်ပင်ခံကုမ္ပဏီမှ ရောဘတ်တာက မှတ် ချက်ပေးပါတယ်။
“ ပြီးခဲ့တဲ့နှစ်တွေမှာ စီးပွားရေးလုပ်ငန်းက ဖောက်သည်တွေနဲ့ ၀င်းဒိုးသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးမြင်တွေ့ခဲ့ရပါတယ်။ ၀င်းဒိုးထက်သာတဲ့ ဒီဇိုင်းနဲ့ ပိုပြီးကောင်းမွန်တဲ့ဈေးနူန်းတွေနဲ့ OS အသစ်တွေကြောင့် Apple က အကျိုးအမြတ်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ Apple ရဲ့အဓိက အာရုံစိုက်မှုက အိုင်ဖုန်းဖြစ်လာခဲ့တယ်။ အိုင်ဖုန်းကနေ အခွန်မဆောင်မီ ၀င်ငွေကလည်း အများအပြားရခဲ့ပါတယ်။ အိုင်ပတ်က ပိုပြီးတောင် အလုပ်ဖြစ်ခဲ့ပါသေးတယ်။ လူအများစုက ၀င်းဒိုး upgrade လုပ်ထားတာကိုပဲ ဆက်သုံးနေကြတုန်းပါ။ ဒါကြောင့် မက်ဘွတ်ခ်ကိုလည်း Apple အနေနဲ့ အာရုံစိုက်သင့်ပါတယ်” လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

adv_banner