ကြွက်ခြောက်လှန့်တဲ့ လေဆာရောင်ခြည် သုတေသီတို့ စမ်းသပ်

ဥရောပကော်မရှင်ရဲ့ရန်ပုံငွေထောက်ပံ့မှုနဲ့ သီးနှံတွေကို ကြွက်စတဲ့သတ္တ၀ါတွေ မဖျက်ဆီးနိုင်အောင် ကာကွယ်ပေးမယ့် လေဆာရောင်ခြည်ခြံစည်းရိုးကို သိပ္ပံပညာရှင်တွေက စမ်းသပ်တီထွင်နေပါတယ်။

14523095_10209784416279483_4459459859405758856_n

လီဗာပူးလ်ဂျွန်မိုးလ် တက္ကသိုလ်က သုတေသီတွေက အဆိပ်ကိုအသုံးပြုမယ့်အစား ကြွက်နဲ့အခြားသတ္တ၀ါတွေကို သီးနှံစိုက်ခင်းတွေမှာ မနှောင့်ယှက်နိုင်အောင် ကာကွယ်ပေးမယ့် လေဆာခြံစည်းရိုးတစ်ခု ဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီနည်းပညာကို စကော့တလန်၊ နယ်သာလန်နဲ့ စပိန်နိုင်ငံတွေမှာ လာမယ့်နိုဝင်ဘာလအတွင်း စတင်စမ်းသပ် အသုံးပြုမှာဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် အခုလိုဆန်းသစ်ဖန်တီးမှုက အရေးကြီးကြောင်း အမျိုးသားလယ်သမားသမဂ္ဂ (NFU) က ပြောဆိုခဲ့ပါတယ်။

ဥရောပကော်မရှင်က ဒီစီမံကိန်းအတွက် ယူရို ၁.၇ သန်းခန့် ထောက်ပံ့ကူညီပေးခဲ့တာပါ။
“ လေဆာက ထုတ်လုပ်ပြီးပါပြီ၊ ဒါက အခြေအနေအတော်များများမှာ အသုံးပြုနိုင်တဲ့ ဈေးကွက်ဝင်ပစ္စည်းပါ၊ ဒါပေမဲ့ မျိုးစိတ်တွေ အများကြီးရှိနိုင်တဲ့ စိုက်ပျိုးရေးကဏ္ဍမှာတော့ အသုံးပြုဖို့ လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်” လို့ အဲဒီစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ဒေါက်တာ အဲလက်ဇ်မေဆန်က ဆိုပါတယ်။

adv_banner