ဂူဂဲလ်ရဲ့ ဒေါ်လာ ခြောက်ထောင်တန် မီဂါတက်ဘလက် ထွက်ပေါ်

ကုမ္ပဏီတွေမှာ ၀န်ထမ်းတွေကို ဦးနှောက်မုန်တိုင်း(brainstorm)နည်းနဲ့ စဉ်းစားစေဖို့ လှုံ့ဆော်သင်ကြားရာမှာ ပိုပြီးလွယ်ကူ စေမယ့် ၅၅ လက်မရှိတဲ့ တက်ဘလက်အကြီးစားကို အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်က ဒေါ်လာ ၆၀၀၀ နဲ့ ထုတ်လုပ် လိုက်ပါတယ်။

14639674_10209776233034907_186829884415227370_n

အဲဒီထုတ်ကုန်ကို ဂူဂဲလ်က ဂျမ်ဘုတ် (Jamboard) လို့အမည်ပေးထားပါတယ်။ ဒီပစ္စည်းရဲ့ရည်ရွယ်ချက်က အစဉ်အလာသုံးစွဲခဲ့ တဲ့ ၀ှိုက်ဘုတ်နေရာမှာ အစားထိုးသုံးစွဲဖို့ဖြစ်ပါတယ်။ ကုမ္ပဏီတွေမှာ ၀ှိုက်ဘုတ်ကို အစည်းအဝေးကျင်းပရာမှာ ရှင်းလင်းပြောဆို ဖို့ အသုံးပြုခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။
၅၅ လက်မရှိပြီး ပြတ်သားမှုအားကောင်းတဲ့ မျက်နှာပြင်ပေါ်မှာ လက်ချောင်းနဲ့ထိတွေ့တာလား၊ စတိုင်လပ်စ် – (stylus)ဘောပင် သုံးပြီးရေးနေတာလားဆိုတာကို ထည့်သွင်းထားတဲ့ဆော့ဝဲလ်တွေက ခွဲခြားနိုင်ပါတယ်။

လက်ရှိအချိန်မှာ ဂျမ်ဘုတ်ကို ကုမ္ပဏီအုပ်စုလေးတွေအတွက် ဂူဂဲလ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ လာမယ့်နှစ်အစောပိုင်းမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ ၀ှိုက်ဘုတ်လိုမျိုး အသုံးပြုတဲ့ဝန်ထမ်းတွေက သူတို့ရဲ့စိတ်ကူးတွေ၊ စာရွက်စာတမ်းတွေနဲ့ ပုံရိပ်တွေကို ဂျမ်ဘုတ်ပေါ်မှာ ရေးဆွဲ တင်ပြလို့ရမှာဖြစ်ပါတယ်။ အသုံးပြုသူတွေက သူတို့ရဲ့သေးငယ်တဲ့တက်ဘလက်၊ စမတ်ဖုန်း၊ စတိုင်လပ်စ်တွေကို သုံးပြီး အွန်လိုင်းကော်နက်ရှင်နဲ့ ဂျမ်ဘုတ် ပေါ်မှာ သတင်းအချက်အလက်တွေကို မျှဝေလို့ရမှာဖြစ်ပါတယ်။

ဂျမ်ဘုတ်ပေါ်မှာ တင်သမျှကို ဂူဂဲလ်ရဲ့အွန်လိုင်းသိမ်းဆည်းရေးဝန်ဆောင်မှုဖြစ်တဲ့ ဒရိုက်(Drive) မှာ သိမ်းဆည်းနိုင်ပါတယ်။
ဂျမ်ဘုတ်က စီးပွားရေးလုပ်ငန်းတွေနဲ့အစိုးရဌာနက ဖောက်သည်တွေကို မိုက်ခရိုဆော့နဲ့ ဝေးရာကို ဆွဲခေါ်ယူဖို့ နောက်ဆုံးကြိုး ပမ်းအားထုတ်မှုဖြစ်ပြီး မိုက်ခရိုဆော့ကတော့ ဂျမ်ဘုတ်နဲ့ဆင်တူတဲ့ ဆာဖေ့ဟတ် (Surface Hub) ကို ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်ကုန်နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မိုက်ခရိုတော့ရဲ့ဆာဖေ့ဟတ်က မျက်နှာပြင်အကျယ် ၂၈ လက်မဖြစ်ပြီး ဈေးနူန်းက အမေရိကန်ဒေါ်လာ ၃၀၀၀ ကျသင့်မှာဖြစ်ပါတယ်။