မောင်းသူမဲ့ကား ဆော့ဝဲလ်ရေးဖို့ ဘလက်ဘယ်ရီက အင်ဂျင်နီယာတွေကို ငှားရမ်း

ကနေဒါနိုင်ငံမှာ အခြေပြုပြီး မောင်းသူမဲ့ကားအတွက် ဆော့ဝဲလ်ရေးသားဖို့ လုပ်ဆောင်နေတဲ့ အမေရိကန်နည်းပညာ ကုမ္ပဏီ Apple ဟာ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဘလက်ဘယ်ရီမိုလ်ဘိုင်း နည်းပညာကုမ္ပဏီက အင်ဂျင်နီယာတွေကို ငှားရမ်းအသုံးပြုနေပါတယ်။

14601064_10209776229034807_1394715346972855361_n

ကားဆော့ဝဲလ်ရေးသားဖို့အတွက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ရုံးချုပ်နဲ့ အင်မတန်ဝေးကွာတဲ့ဒေသမှာ သွားရောက် လုပ်ဆောင်မှာဖြစ်ကြောင်း Apple ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ Apple ကုမ္ပဏီဟာ ဘလက်ဘယ်ရီကုမ္ပဏီက ပိုင်တဲ့ QNX လုပ်ငန်းကနေ ဆော့ဝဲလ်အင်ဂျင်နီယာ ဒါဇင်နဲ့ချီပြီး ငှားရမ်းခဲ့ပါတယ်။ အဲဒီငှားရမ်းမှုဟာ ကနေဒါအခြေပြု ကားဆော့ဝဲလ်ရေးသားမှုမှာ အသုံးပြုဖို့ဖြစ်ကြောင်း ဘလွန်းဘတ်ဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
QNX ကုမ္ပဏီကို ၂၀၁၀ပြည့်နှစ်မှာ ဘလက်ဘယ်ရီကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ကားဆော့ဝဲလ်ထုတ်လုပ်မှုနဲ့လူသိများခဲ့ပါတယ်။

အိုင်ဖုန်းတွေမှာ iOS က လုပ်ဆောင်သလိုမျိုး ကားဆော့ဝဲလ်က ကားတွေကို လုပ်ငန်းလုပ်ဆောင်နိုင်စေမယ့်စနစ် OS ဖြစ် မယ်လို့ ယူဆရပါတယ်။
နောက်ထပ် Apple အဖွဲ့တစ်ဖွဲ့က အနာဂါတ်မောင်းသူမဲ့ ကားတွေအတွက် လမ်းညွှန်ချက်ပေးမယ့် ဆော့ဝဲလ်ကို ရေးသားနေကြပါတယ်။ အဲဒီဆော့ဝဲလ်က ကားဆော့ဝဲလ်OS အပေါ်မှာ အခြေပြုပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။
ယခုလအစောပိုင်းကတော့ Apple အနေနဲ့ မောင်းသူမဲ့ကားကို လုံးဝမထုတ်လုပ်ဘူးလို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

adv_banner
adv_banner