မန်ယူရဲ့ကစားဟန်က ၀က်စ်ဘလွန်းကို ရင်ဆိုင်ဖို့ အထောက်အကူ ဖြစ်စေကြောင်း ကလော့ပ် ပြောကြား

0
215

ဝက်စ်ဘလွန်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် မိမိရဲ့လီဗာပူးလ်အသင်းကို ပြင်ဆင်ရာမှာ မန်ယူရဲ့တာဝေးပေးတဲ့စနစ်ကစားဟန်ကို သုံးသပ်တာက အထောက်အပံ့ဖြစ်စေကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။

14731106_10209715461795664_3355339162087717387_n

လီဗာပူးလ်နည်းပြကလော့ပ်က မန်ယူနဲ့ ၀က်စ်ဘလွန်း အသင်းနှစ်သင်းကြားက တူညီမှုတွေကို ခွဲခြားပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အန်းဖီးလ်မှာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေ ရလဒ်ဖြစ်ခဲ့တဲ့ပွဲမှာ မန်ယူကစားခဲ့ပုံမျိုး ၀က်စ်ဘလွန်းက လာမယ့်ပွဲမှာကစားလိမ့် မယ်လို့ ကလော့ပ်က ခန့်မှန်းထားပါတယ်။ မန်ယူရဲ့ကစားဟန်က အစဉ်အလာအတိုင်းမဟုတ်ဘဲ ခံစစ်ဦးစားပေးပုံစံနဲ့ အဝေးပေး စနစ်ဖြစ်ခဲ့ပါတယ်။ မန်ယူက အဲဒီနည်းစနစ်ကို သုံးပြီး အန်းဖီးလ်မှာ ဂိုးမရှိသရေရလဒ်ဖြစ်အောင် ကစားသွားခဲ့တာပါ။

“ ကျွန်တော်တို့က ဘောလုံးကိုအသားပေးကစားတဲ့အသင်းပါ၊ မန်ယူကတော့ ရုပ်ပိုင်းဆိုင်ရာကို ပိုဦးစားပေးပြီး အရပ်ပိုရှည်တဲ့ ကစားသမားတွေလည်း ကျွန်တော်တို့ထက် ပိုများခဲ့ပါတယ်” လို့ ကလော့ပ်က ဆိုပါတယ်။
” ဘာပဲဖြစ်ဖြစ် အဲဒီပွဲမှာ ကျွန်တော်တို့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်၊ နောင်အကြိမ်တွေမှာလည်း အဲဒီလိုအခြေအနေမျိုးတွေအ တွက် ကျွန်တော်တို့ ပြင်ဆင်ထားရမှာပါ။

ပြီးခဲ့တဲ့ပွဲစဉ်က တချို့အကြောင်းအရာတွေကို ယူပြီးနောက်ပွဲမှာ သုံးနိုင်ပါတယ်၊ ဒါပေမဲ့ ခြားနားမှုကတော့ ရှိနေမှာပါပဲ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
မန်ယူနည်းပြမော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းကပဲ သရေရလဒ်အတွက် ဦးစားပေးကစားသွားတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

?bph6