ကွန်ပျူတာ စွမ်းဆောင်ရည် မြန်ဆန်လာဖို့ နည်းပညာကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်

0
140

ကွန်ပျူတာတွေရဲ့ဒေတာကူးပြောင်းမှုနူန်းကို အံ့မခန်းမြန်ဆန်လာစေဖို့ ပူးပေါင်း လုပ်ဆောင်မယ့် အဆိုပြုချက်အသစ်နှစ်ခုကို နည်းပညာကုမ္ပဏီတွေအကြား သဘောတူညီချက် ပြုလုပ်လိုက်ပါတယ်။

ethernet_cable-100635916-large

တွက်ချက်မှုဆိုင်ရာဝန်ပမာဏ (workload) က ပိုကြီးထွားလာနေပြီး ပရိုဆက်ဆာ၊ မှတ်ဥာဏ်နဲ့ ဒေတာသိုလှောင်မှုတွေက အံ့မခန်းနူန်းနဲ့ ပိုပြီး မြန်ဆန်လာနေပါ တယ်။ ဒါပေမဲ့ထွက်ပေါ်လာတဲ့နည်းပညာတွေက ကွန်ပျူတာတွေရဲ့ဒေတာကူးပြောင်းမှု (band width) ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့ လိုအပ် ချက်မြင့်မားနေဆဲပါပဲ။ ဒီပြဿနာကို စိုးရိမ် ပူပန်နေတဲ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂူဂဲလ်၊ အိုင်ဘီအမ်၊ ဆမ်ဆောင်းနဲ့ ဒဲလ်တို့က အဆင်ပြေမယ့်နည်းလမ်းကို စတင်ရှာဖွေနေကြပါပြီ။

အခုအဆိုပြုချက်အသစ်နှစ်အရ လာမယ့်နှစ်အစောပိုင်းမှာ ကွန်ပြူတာတွေ ရဲ့ဒေတာကူပြောင်းနူန်းကို အံ့မခန်းမြန်ဆန်လာအောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။
သူတို့က OpenCAPI လို့ အမည်ပေးထားတဲ့ ကော်နက်တာကို ပူပေါင်း ဖန်တီးမှာဖြစ်ပြီး ကွန်ပျူတာအတွင်းပိုင်း bandwidth ကို သိသိသာသာ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သိုလှောင်မှု၊ မှတ်ဥာဏ်နဲ့ ဂျီပီယူ – GPUs ၊ နဲ့ CPUs တွေကို OpenCAPI က ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က PCI-Express 3.0 နဲ့ အတော်အတန်တူညီမှုရှိပါတယ်။

ဒါပေမဲ့ ဒေတာသယ်ယူမှုမှာ ဆယ်ဆပိုမြန်ဆန်မှာဖြစ်ပြီး 150GBps အထိ ရနိုင်မယ်လို့ သိရှိရပါတယ်။ အဓိကပြဿနာက မှတ်ဥာဏ်၊ သိုလှောင်မှုနဲ့ GPUs တွေက မြန်သထက်မြန်ဆန်လာနေပြီး ကွန်ပျူတာ ရဲ့အတွင်းပိုင်းဒေတာပို့ ဆောင်မှုပြုလုပ်ပေးတဲ့ ကော်နက်တာတွေက လိုက်မမီ တာဖြစ်ပါတယ်။ ဒီပြဿနာကို OpenCAPI က ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာရှုပ်ထွေးတဲ့တွက်ချက်မှုတွေ၊ ဥာဏ်ရည်တုနဲ့ ဗာကျုရယ်ရီရဲလ်လတီ – VR ဆော့ဝဲလ်တွေက ဂရပ်ဖစ်ပရိုဆက်ဆာရဲ့ စွမ်းရည်တောင်း ဆိုချက် မြင့်သထက်မြင့်မားလာနေပါတယ်။

သိုလှောင်မှုနဲ့ မှတ်ဥာဏ်နည်းပညာအသစ်ကလည်း SSDs ထက် ၁၀ ဆပိုမြန်သလို သိပ်သည်းမှုမှာလည်း DRAM ထက် ဆယ်ဆပိုလာနေပါတယ်။
ဆာဗာနဲ့စူပါကွန်ပြူတာတွေမှာ OpenCAPI ကော်နက်တာတွေကို ပထမဆုံးအသုံးပြုမှာဖြစ်ပြီး ဒီနည်းပညာကို လာမယ့်နှစ်ကျမှ တစ်ကိုယ်ရည်သုံး ပီစီကွန်ပျူတာတွေမှာ စတင်အသုံးပြုမှာ ဖြစ်ပါတယ်။

?bph6