၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အတွင်း ဆီးရီးယား အကျဉ်းထောင်တွေထဲမှာ လူ ၁၈၀၀၀ နီးပါး သေဆုံးခဲ့

0
182

ဆီးရီးယားနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ၂၀၁၁ က ၂၀၁၅ အထိ ငါးနှစ်တာကာလအတွင်း သေဆုံးသူအရေအတွက် ၁၈၀၀၀ နီးပါးရှိပြီး ရိုက်နှက်တာတွေ မုဒိမ်းကျင့်တာတွေလည်း ရှိခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားလိုက်ပါတယ်။

_78357043_torture_getty_624

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်တဲ့စာရွက်စာတမ်းတွေထဲမှာ ထောင်တွင်းမှာ ညှင်းပမ်းနှိပ်စက်ခံရပြီး အသက်ရှင်ကျန်ရစ်သူ ၆၅ ဦးနဲ့ အင်တာဗျူးမေးမြန်းချက်လည်း ပါဝင်ပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ဆီးရီးယားအစိုးရကို ထောင်တွင်း ညှင်းပမ်းနှိပ်စက်တာတွေ အဆုံးသတ်ခိုင်းဖို့လည်း ဒီအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

ဆီးရီးယားအစိုးရဘက်ကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကုလသမဂ္ဂလူ့အခွင့်အရေး အစီရင်ခံစာထဲမှာလည်း ဆီးရီးယားအစိုးရဟာ သုတ်သင်ရေးလုပ်ငန်းကို နိုင်ငံမူဝါဒတစ်ရပ်လို အသုံးချနေပြီး စစ်ဖြစ်နေစဉ်မှာလည်း အစိုးရရော တစ်ဖက်အုပ်စုတွေကပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတာ တွေ့ရပါတယ်။

ဆီးရီးယားမှာ သမ္မတ ဘာရှာအယ်အာဆတ်ဒ်ကို စတင်တော်လှန်တဲ့ ၂၀၁၁ မတ်လကနေ ၂၀၁၅ ဒီဇင်ဘာလအတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်နဲ့ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့သူအရေအတွက် ခန့်မှန်းခြေ ၁၇၇၂၃ ကျော် ရှိတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆိုပါတယ်။ ပျှမ်းမျှအနေနဲ့ဆို တစ်နေ့ကို လူ ၁၀ ယောက်သေဆုံးပြီး တစ်လကို ၃၀၀ ကျော် သေဆုံးနေတဲ့သဘောပဲလို့ အဲဒီအဖွဲ့က ဆိုပါတယ်။

“ကြိုဆိုနှုတ်ဆက်ပွဲ”လို့ခေါ်တဲ့ အကျဉ်းသားတွေကို ထောင်ထဲရောက်ရောက်ချင်းမှာ ထောင်မှူးတွေက အသေလဲရိုက်တဲ့လုပ်ရပ်အတွင်းမှာ အလူးအလဲ ခံကြရလေ့ရှိပါတယ်။ ဒါ့အပြင် “လုံခြုံရေးစစ်ဆေးမှု”ဆိုပြီး အမျိုးသား ထောင်မှူးတွေက အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေလည်း ရှိပါသေးတယ်။

“ဆီးရီးယားအစိုးရဟာ အတိုက်အခံတွေကို အမှုန့်ကြိတ်ချင်တဲ့အတွက် နှိပ်စက်တာကိုပဲ နည်းလမ်းတစ်ခုလို သုံးလာတာ နှစ်ပေါင်း ဆယ်ချီနေပါပြီ”လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ညွှန်ကြားရေးမှူး ဖိလစ်လူသာက ပြောကြားခဲ့ပါတယ်။

Ref: BBC