ပလူတိုနီယမ် ထုတ်လုပ်မှု ပြန်လည်စတင်တော့မယ်လို့ မြောက်ကိုရီးယား ကြေညာ

0
287

သုံးပြီးသားလောင်စာချောင်းတွေကနေ ပလူတိုနီယမ်ထုတ်တဲ့ လုပ်ငန်းကို ပြန်လည်စတင်ပြီး အမေရိကန်ဘက်က “ခြိမ်းခြောက်နေသရွေ့တော့” နျူကလီးယားစမ်းသပ်မှုတွေကို ရပ်နားမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောကြားလိုက်တယ်လို့ ကျိုဒိုသတင်းဌာနက သြဂုတ် ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

north-korea-says-it-has-resumed-plutonium-production-kyodo-5d46bfae909bc54902ed70be18db7c12

မြောက်ကိုရီးယားရဲ့ အဓိက အနုမြူစက်ရုံ ယုံဗြောင်ကို အုပ်ချုပ်ကိုင်တွယ်နေတဲ့ အနုမြူစွမ်းအင်အင်စတီကျူ့(AEI) က နျူကလီးယားလက်နက်နဲ့ လျှပ်စစ်စွမ်းအင်အတွက် ယူရေနီယမ်ကို “အချိန်ဇယားချထားတဲ့အတိုင်း” ထုတ်လုပ် နေတယ်လို့ ဆိုပါတယ်။

“ခဲနဲ့လည်ပတ်နေတဲ့ ဓာတ်ပေါင်းဖိုတစ်ခုက သုံးပြီးလို့ ပစ်ထားတဲ့ နျူကလီးယားလောင်စာချောင်းတွေကို ကျွန်တော်တို့ ခု ပြန်အသုံးပြုနေပါတယ်”လို့ AEI က ကျိုဒိုသတင်းဌာနကို စာနဲ့ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ပလူတိုနီယမ်နဲ့ ယူရေနီယမ် ဘယ်လောက်ပမဏ ထုတ်ပြီးပြီလဲဆိုတာကတော့ AEI က ထုတ်ပြောခဲ့ခြင်းမရှိဘူးလို့ ကျိုဒိုသတင်းဌာနက ဆိုပါတယ်။

နျူကလီးယားဗုံးတစ်လုံးလုပ်ရာမှာ လိုအပ်တဲ့ ပလူတိုနီယမ်အမျိုးအစားဟာ နျူကလီးယားဓာတ်ပေါင်းဖိုက သုံးပြီးသား လောင်စာအမျိုးအစားဖြစ်နေဖို့ လိုပါတယ်။ ကုလသမဂ္ဂ အနုမြူစောင့်ကြည့်အဖွဲ့ကလည်း မြောက်ကိုရီးယားဟာ ယုံဗြောင်စက်ရုံကို ပြန်ဖွင့်ပြီး ပလူတိုနီယမ်တွေ ပြန်ထုတ်ရင်း နျူကလီးယားလုပ်နက်အတွက် အသုံးပြုနေလောက်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက သတိပေးခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင်ကလည်း အမေရိကန်ပညာရှင် အဖွဲ့တစ်ဖွှဲ့က ကြိုတင် သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ လက်နက်စွန့်လွှတ်ရေး အထောက်အပံ့မူတစ်ခုအရ ၂၀၀၇ ခုနှစ်မှာ ယုံဗြောင်စက်ရုံကို ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ မှာ သူရဲ့ တတိယမြောက် နျူကလီးယားစမ်းသပ်ချက်လုပ်ပြီးနောက်မှာတော့ စက်ရုံကို ပြန်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာလည်း စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ ပါသေးတယ်။

Ref: AFP