အင်္ဂလန်မှာ ကမ္ဘာ့အကြီးဆုံး လေသင်္ဘောရဲ့ ပထမဆုံးပျံသန်းမှု စတင်

0
246

ကမ္ဘာ့အကြီးဆုံး လေယာဉ်ဖြစ်တဲ့ Airlander 10 လေယာဉ်ဟာ သြဂုတ်လ ၁၈ ရက်နေ့မှာ ပထမဆုံးပျံသန်းမှုခရီးစဉ်ကို စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးရက်ကတည်းက ပထမဆုံးပျံသန်းမှုကို ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ နည်းပညာပိုင်း အခက်အခဲ နည်းနည်းရှိတာကြောင့် သြဂုတ် ၁၈ ရက်နေ့ကျမှ ပျံနိုင်ခဲ့တာဖြစ်ပါတယ်။
a8579d68756ccd773d499d1f514437f0

Airlander 10 လေယာဉ်ဟာ တကယ်တော့ လေယာဉ်တစ်ပိုင်း၊ ဓာတ်ငွေသုံး လေသင်္ဘောတစ်ပိုင်း စပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ Airlander 10 ရဲ့ ပထမဆုံးပျံသန်းမှုကို အင်္ဂလန်အလယ်ပိုင်းက အာဒင်တန်မှာရှိတဲ့ လေယာဉ်ကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်သူတွေက အောက်ကနေ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ လွန်ခဲ့တဲ့ ၈၅ နှစ်တုန်းက ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ Airlander 10 လိုတော့ သိပ်ကံမကောင်းခဲ့ပါဘူး။ R101 လို့အမည်ရတဲ့ လေသင်္ဘောဟာ ဒီလေယာဉ်ကွင်းကနေပဲ ၁၉၃၀ အောက်တိုဘာမှ စတင်ထွက်ခွာပျံသန်းခဲ့ပေမဲ့ ပြင်သစ်မှာ မတော်တဆတိုက်မိတာကြောင့် လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဗြိတိန်မှာလည်း လေသင်္ဘောဆောက်လုပ်ဖန်တီးတာတွေ နိတ္ထိတံသွားခဲ့ပါတယ်။

ခုတစ်ကျော့ပြန်ပေါ်လာတဲ့ Airlander10 ဟာ ၉၂ မီတာ ရှည်လျားပါတယ်။ ဒီလေယာဉ်ကို ထုတ်ရတဲ့ မူလရည်ရွယ်ချက်က အမေရိကန်စစ်တပ်မှာ ထောက်လှမ်းရေးလေယာဉ်အဖြစ် သုံးမလို့ပါ။ ဒီလေယာဉ်ကို တီထွင်တာက Hybrid Air Vehicles (HAV) ကုမ္ပဏီ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာမှာ ပျံသန်းနေတဲ့အထဲမှာတော့ Airlander 10 ဟာ အကြီးဆုံးလေယာဉ်ပဲလို့ HAV က ဆိုပါတယ်။ Airlander ဟာ အမြင့် မီတာ ၄၈၈၀ (ပေ ၁ သိန်း ၉ သောင်း)ထိ ပျံတက်နိုင်ပြီး တစ်နာရီ ၁၄၈ ကီလိုမီတာ (၉၁ မိုင်) အထိ မောင်းနှင်နိုင်ပါတယ်။ ဗြိတိန်အစိုးရဟာ Airlander 10 လေယာဉ် ထုတ်လုပ်ဖို့ စီမံကိန်းအတွက် စတာလင်ပေါင် ၂.၅ သန်း ချပေးခဲ့တာဖြစ်ပါတယ်။

Ref: AFP