မြောက်ကိုရီးယားမှာ ပြည်သူတွေ ခွေးသားစားကြဖို့ အစိုးရတိုက်တွန်း

0
243

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်းက စားနပ်ရိက္ခာပြတ်တောက်နေတဲ့ ပြည်သူတွေအနေနဲ့ ကြက်သား၊ အမဲသား၊ ဝက်သားနဲ့ ဘဲသားတွေထက် ဗီတာမင်ပိုများများ ပါဝင်တဲ့ ခွေးသားကို စားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လူရွယ်အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်အုပ်ချုပ်တဲ့ မြောက်ကိုရီးယားဟာ ခွေးသားကို သက်လုံကောင်းစေတဲ့ ရိုးရာအစားအစာတစ်ခုလို့တောင် တန်းတင်ပြောဆိုနေပါတယ်။
မြောက်ကိုရီးယားရဲ့ YouTube ပေါ်က ဝါဒဖြန့်ချိရာ လိုင်းဖြစ်တဲ့ DPRK Today မှာလည်း ခွေးသားဟာ အခြားအသားတွေထက် ဗီတာမင်ပိုပါတယ်လို့ ထုတ်လွှင့်ခဲ့ပါတယ်။ ခွေးသားဟာ အစာအိမ်နဲ့အူအတွက်လည်း ကောင်းစေတယ်လို့ Korea Times သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

ခွေးသားစားရာမှာ အနံ့မဆိုးဖို့အတွက်တော့ ရိုက်သတ်ပြီးရင် အမွှေးတွေကို ရိတ်ပြီးမှ မီးမြှိုက်ပြီး စားသောက်သင့်တယ်လို့လည်း Korea Times သတင်းဌာနက ဆိုပါတယ်။ မြောက်ကိုရီးယားမှာ ဒီလိုတွေဖြစ်နေပေမဲ့ တောင်ကိုရီးယားမှာတော့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ဒီလုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

မြောက်ကိုရီးယားမှာကလည်း ဒီလိုရုပ်သံလွှင့်ရုံမက ခွေးသားစားလို့ရမယ့် အကျိုးကျေးဇူးတွေကို လက်ကမ်းစာစောင်တွေနဲ့တောင် ကြေညာခဲ့ပါသေးတယ်။ ပြုံယမ်းမှာ မကြာမီကမှ ပြန်ဖွင့်ခဲ့တဲ့ ခွေးသားစားသောက်ဆိုင်တစ်ဆိုင်ဆိုရင်လည်း ခုချိန်မှာ အောင်မြင်နေပြီလို့ KCTV နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ခွေးသားကို မြောက်ကိုရီးယားမှာတော့ ဒန်ဂိုဂီလို့ခေါ်ပါတယ်။ ဒန်ဂိုဂီဟင်းကို ဆူအောင်ချက်ပြီးစားရင် ဆေးကောင်းတစ်လက်လိုပဲလို့ တောင်ဂီလ် ရေဒီယိုက ထုတ်လွှင့်ခဲ့ပါသေးတယ်။ “ခွေးဖြစ်နေတဲ့ နေ့တွေမှာတောင် (ဒန်ဂိုဂီ)ခွေးသားဟားဟာ မှီဝဲသူအတွက် ဆေးကောင်းတစ်လက်ပဲ”ဆိုတဲ့ စကားပုံတောင် ရှိတယ်လို့လည်း ရေဒီယိုက ဆိုပါတယ်။

Ref: Daily Mail