ကမ္ဘာ့ပေါ်မှာ အလုပ်ဖြစ်မှု အနည်းဆုံး ငွေကြေး

0
220

ကမ္ဘာပေါ်မှာ အမေရိကန်ဟာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ငွေကြေး ဒေါ်လာဟာ ကူဝိတ်နိုင်ငံရဲ့ ငွေကြေး ဒီမာလောက်တော့ မမာနိုင်ပါဘူး။

_90815418_mongolia

အမေရိကန် ၁ ဒေါ်လာမှာ ကူဝိတ်ပိုက်ဆံ ၀.၃၀ ဒီနာပဲ ရှိပါတယ်။ ကမ္ဘာ့ပေါ်မှာ ငွေတန်ဖိုးအပျော့ဆုံးက အီရန်ပိုက်ဆံ ရီယယ် ဖြစ်ပြီး တစ်ဒေါ်လာမှာ ၃၀၅၈၀.၇၅ ရီယယ် ရှိပါတယ်။ ဒါပေမဲ့ အခုဖော်ပြမှာကတော့ ကမ္ဘာပေါ်မှာ အလုပ်မဖြစ်ဆုံး ငွေကြေးပဲ ဖြစ်ပါတယ်။

အဲဒါကတော့ မွန်ဂိုလီးယားနိုင်ငံရဲ့ ပိုက်ဆံ တူဂရစ်ခ်ပဲ ဖြစ်ပါတယ်။မွန်ဂိုလီးယားနိုင်ငံဟာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် နိုင်ငံရဲ့ ငွေကြေးဟာလည်း အဆိုးရွားဆုံးအခြေအနေနဲ့ကြုံနေရပါတယ်။

၂၀၁၁ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်းအသားကုန်ထုတ်ကုန်က ၁၇.၅ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် မွန်ဂိုလီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးနိုင်ငံတောင် ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ခုချိန်မှာတော့ မွန်ဂိုလီးယားမှာ သုံးစွဲတဲ့ ငွေကြေးဟာ တကယ့်ကို ဆိုးရွားတဲ့အခြေအနေကို ရောက်နေပါပြီ။ တူဂရစ် (မွန်ဂိုလီးယား ငွေကြေးယူနစ်)တန်ဖိုးဟာ အခုလမှာဆိုရင် တန်ဖိုး ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကမ္ဘာပေါ်မှာ အလုပ်ဖြစ်မှု အနည်းဆုံး ပိုက်ဆံဖြစ်လာပြီလို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန် တစ်ဒေါ်လာဟာမှာ မွန်ဂိုပိုက်ဆံ တူဂရစ်ခ် ၂၂၄၃.၅၀ ရှိပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ မွန်ဂိုလီးယားဟာ တကယ်တော့ မသုံးစွဲရသေးတဲ့ ရွှေ၊ ကြေးနီ၊ ကျောက်မီးသွေး စတဲ့ နိုင်ငံအတွင်းက သယံဇာတတော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ မွန်ဂိုလီးယားရဲ့ ကုန်ကြမ်းထုတ်ကုန်တန်ဖိုးဟာ ပြိုကျသွားသလို မွန်ဂိုလီးယားရဲ့ထုတ်ကုန် ၉၀ ရာခိုင်နှုန်းကို ဝယ်ယူတဲ့ တရုတ်ဆီက ဝယ်လိုအားကလည်း ကျသွားခဲ့ပါတယ်။

အစိုးရကတော့ အဲဒီအချိန်ကတည်းက သူတို့စီးပွားရေးအခြေအနေဟာ အရေးပေါ်အခြေအနေကို ရောက်နေပြီလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ရုပ်သံကလွှင့်တဲ့ မိန့်ခွန်းမှာ ဘဏ္ဍာရေးဝန်ကြီး ချွဲဂျီဆူရန်ဘတ်တော့ဂ်တို့ခ်က အစိုးရဝန်ထမ်းတွေ၊ စစ်သားတွေကို လစာမပေးနိုင်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

တကယ်တော့ မွန်ဂိုလီးယားဟာ ရင်းနှီးမြှုပ်နှံဥပဒေတွေနဲ့ သတ္တုမိုင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ ချမှတ်ရာမှာ တလွဲတချော်တွေလုပ်ခဲ့တာကြောင့် နိုင်ငံခြားကုမ္ပဏီတော်တော်များများ နိုင်ငံအတွင်းက အမြန်တပ်ခေါက်ပြီး ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ် နောက်ဆုံး သုံးလပတ်ကာလအတွင်းမှာတင် မွန်ဂိုလီးယားနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ နဂိုရှိရင်းကနေ ၈၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိမှာဆို မွန်ဂိုလီးယားနိုင်ငံအတွင်းမှာ အသည်းအသန်ငွေပြတ်နေပြီဖြစ်တာကြောင့် ငွေတွေပတ်ချေးနေရပြီး အကြွေး အမေရိကန်ဒေါ်လာ ၂၃ ဘီလျံလောက်ရှိတာကြောင့် အတိုးကလည်း လည်ပင်းရောက်နေပါပြီ။ ဒါကြောင့် မကြာခင်မှာ မွန်ဂိုလီးယားဟာ ကမ္ဘာ့အဖွဲ့အစည်းတစ်ခုခုကနေ ချေးငွေစာချုပ်ချုပ်ဆိုရတော့မှာဖြစ်ပါတယ်။

ဒီနေ့ သြဂုတ် ၁၇ ရက်နေ့မှာတော့ မွန်ဂိုလီးယားဟာကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာ မွန်ဂိုလီးယားအစိုးရအဖွဲ့ဟာ အသစ်စက်စက်ဖြစ်ပြီး ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး IMF က အရာရှိတွေနဲ့ နိုင်ငံ့စီးပွားရေးအတွက် အလျင်အမြန်ဆွေးနွေးရတော့မှာပဲ ဖြစ်ပါတယ်။

Ref: BBC