အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ လူနှစ်ဦးကို ပစ်သတ်ခဲ့လို့ ဖမ်းဆီးခံထားရသူက အပြစ်မရှိကြောင်း ငြင်းဆို

0
226

အမေရိကန် ပြည်ထောင်စု နယူးစ်ယောက်မြို့မှာ လူနှစ်ဦး ပစ်သတ်ခဲ့မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် Oscar Morelဟာအပြစ်မရှိဘူးလို့ သြဂုတ်လ ၁၆ ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။

39513948_-_17_08_2016_-_usa-crime_

သူ့ကို အသက် ၅၅ နှစ်အရွယ် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Imam Maulana Akonjee နဲ့ အသက် ၆၄ နှစ်အရွယ် လက်ထောက်ဖြစ်သူ Thara Uddin တို့ သြဂုတ်လ ၁၃ ရက်နေ့က အသတ်ခံခဲ့ရတာနဲ့ ပတ်သတ်လို့ တရားစွဲဆိုခံထားရတာပါ။ ရဲတွေက အဲဒီ ပစ်ခတ်မှု ဖြစ်စဉ်တုန်းက Morel ရဲ့ အိမ်မှာရှိတဲ့ အသုံးပြုထားတဲ့ သေနတ်တလက်ကို တွေ့ရှိခဲ့ပေမဲ့ သူ့ရဲ့ ရှေ့နေက စွပ်စွဲချက်ကို ငြင်းဆိုခဲ့တာပါ။ သြဂုတ်လ ၁၈ ရက်နေ့မှာ နောက်ထပ် ရုံးချိန်းထပ်ပေးထားပြီး တကယ်လို့ အပြစ်ရှိတယ်လို့ ထင်ရှားရင်တော့ ထောင်ဒဏ်တသက် ချမှတ်ခံရဖွယ်ရှိနေပါတယ်။