ဗုံးပေါက်ကွဲမှုတွေဟာ ၂၀၁၃ ခုနှစ်က ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းရဲတွေ ပြောဆို

0
270

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ၂၀၁၃ ခုနှစ် မေလက ဘန်ကောက်မြို့ Ramkamhaeng လမ်းအနီးတ၀ိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ထိုင်းရဲတွေက ပြောလိုက်ပါတယ်။

1471062053279

၂၀၁၃ ခုနှစ်က ဘန်ကောက်မြို့ Bang Kapi ဒေသက အလှပြင်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်လို့ Narathiwat ခရိုင်က လူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၁၅ ခုနှစ်က ထောင်ဒဏ် နှစ် ၅၀ ဆီ ချမှတ်ခဲ့တာပါ။ လက်ရှိ စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေအရ နိုင်ငံတောင်ပိုင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သတ်လို့ Narathiwatခရိုင် Rangae ဒေသက အမျိုးသားတဦး ကို စစ်ဆေးမေးမြန်းနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေက နိုင်ငံတောင်ပိုင်း ဗုံးပေါက်ကွဲမှုအတွင်း လူ ၄ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။