မိမိတို့ရဲ့ ပိုင်နက်ကို “တစ်လက်မမှ” အဆုံးရှုံးမခံဘူးလို့ အင်ဒိုနီးရှား သမ္မတ သံန္နိဋ္ဌာန်ပြု

0
235

တောင်တရုတ်ပင်လယ်ထဲက အင်ဒိုနီးရှားပင်လယ်တွေအနားမှာ တရုတ်သင်္ဘောတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားရဲ့ ကုန်းမြေနဲ့ရေပြင် ပိုင်နက်ကို “တစ်လက်မမကျန်” ကာကွယ်သွားမယ်လို့ သြဂုတ် ၁၆ ရက်နေ့မှာ ကတိပြု လိုက်ပါတယ်။

3194933a8706a24802a049e8b99daf8dce6d14cd

ပင်လယ်ပြင်အတွင်းက ကျွန်းတွေပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ဒေသတွင်းအငြင်းပွားမှုတွေ ပိုမိုကျယ်လောင်လာကို ငြိမ်းချမ်းစွာအဖြေရှာ ရေးကိစ္စမှာ အင်ဒိုနီးရှားဟာလည်း “ထက်ထက်သန်သန် ပါဝင်ဆောင်ရွက်”နေတယ်လို့လည်း နိုင်ငံတော်ကို ပြောတဲ့မိန့်ခွန်းမှာ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

ရေသယံဇာတပေါများတဲ့ ရေပြင်တစ်ဝိုက်မှာ တည်ရှိတဲ့ နာတူနာ ကျွန်းစုတွေနားမှာ တရုတ်နဲ့အင်ဒိုနီးရှားဟာ ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာ ဒီကျွန်းတွေကို အင်ဒိုနီးရှားက ပိုင်ဆိုင်ကြောင်း ဂျိုကိုကိုက အလေးထားပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဟာ အန်တီကောင်၊ နာတူနာနဲ့ အတမ်ဘူဝါတို့လို ဖွံ့ဖြိုးဆဲဒေသတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာက အင်ဒိုနီးရှားကို နိုင်ငံကြီးတစ်ခုလို မြင်နိုင်ပါတယ်။ ဒါကြောင့် ဒီဒေသတွေကို တစ်လက်မ မကျန် စောင့်ရှောက်ရမှာဖြစ်ပါတယ်”လို့ ဝီဒိုဒိုက ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဝီဒိုဒိုရဲ့ မိန့်ခွန်းထဲမှာ တရုတ်ကို တိုက်ရိုက်ရည်ညွှန်းတာမျိုးတော့ မပါပါဘူး။ အန်တီကောင်နဲ့ အတမ်ဘူဝါကျွန်းတွေဟာ မလေးရှား၊ အရှေ့တီမောတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အင်ဒို ပိုင်နက်တွေဖြစ်ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေပြီး အင်ဒိုနီးရှားရေပိုင်နက်အတွင်း တရားမဝင်ငါးလာဖမ်းတဲ့ သင်္ဘောတွေကိုလည်း အင်ဒိုဘက်က ပစ်ချခဲ့ပါတယ်။ ရေထဲမြုပ်သွားတဲ့ သင်္ဘောတွေထဲမှာ တရုတ်သင်္ဘောတွေလည်း ပါဝင်တယ်လို့လည်း အစိုးရက ထုတ်ပြန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မေလတုန်းကဆို နာတူနာကျွန်းစုတွေနားမှာ တရားမဝင်ငါးဖမ်းနေတဲ့ အကြီးစား တရုတ်သင်္ဘောတစ်စီး အင်ဒိုလက်ချက်နဲ့ နစ်မြုပ်ခဲ့တဲ့အတွက် တရုတ်ဘက်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

Ref: AFP