တရုတ်က ကမ္ဘာ့ပထမဆုံး ကွမ်တမ်ဂြိုဟ်တု လွှတ်တင်

0
212

ကမ္ဘာ့ပထမဦးဆုံး ကွမ်တမ်ဂြိုဟ်တုကို တရုတ်နိုင်ငံမှာ သြဂုတ်လ ၁၆ ရက်နေ့က လွှတ်တင်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ကွမ်တမ်ဂြိုဟ်တုလွှတ်တင်နိုင်ခြင်းဟာ ဆက်သွယ်မှုတွေကို(အီးမေးလ်၊ ဖုန်းမက်ဆေ့ခ်ျ စသဖြင့်) ဖတ်လို့မရအောင် encrypt စနစ်ကို “ဝင်ဟက်လို့မရနိုင်တဲ့” စနစ်တစ်ခုတည်ဆောက်ဖို့ အက်တမ်တွေရဲ့ အပြန်အလှန်ဆက်သွယ်မှုကို လေ့လာတဲ့ ရူပဗေဒပညာရပ် particle physics အခန်းကဏ္ဍကို ခြေတစ်လှမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဂြိုဟ်တုကို နိုင်ငံ အနောက်တောင်ပိုင်းက ကိုဘီ သဲကန္တာရထဲမှာ ညသန်းခေါင်ယံ ၁ နာရီ ၄၀ မိနစ်မှာ လွှတ်တင်ခဲ့တာလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ အချိန်တိုအတွင်း လမ်းပွင့်လာတဲ့ ဒီပွင့်သစ်စနည်းပညာကို အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေချိန်မှာ တရုတ်က ခုလို လွှတ်တင်နိုင်လိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်ဟာ သိပ္ပံသုတေသနနယ်ပယ်မှာ နိုင်ငံတော်ဘဏ္ဍာငွေပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။ သုတေသနလုပ်ငန်းတွေထဲမှာ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားလေ့လာရေးကစလို့ မျိုးရိုးဗီဇ လေ့လာတဲ့လုပ်ငန်းအထိ အစုံပါဝင်ပါတယ်။ အာကာသစူးစမ်းလေ့လာရေး အစီအစဉ်ဟာလည်း လုပ်ငန်းဟာ တရုတ်အစိုးရရဲ့ စွန့်ဦးလုပ်ကိုင်နေတဲ့ လုပ်ငန်းပေါင်းများစွာထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အခုဂြိုဟ်တုကို ဘီစီ ၅ ရာစုခေတ်က တရုတ်သိပ္ပံပညာရှင်နဲ့ ဒဿနိကပညာရှင်ရဲ့ အမည် မီရှပ်စ်လို့ ပေးထားပါတယ်။ ဒီဂြိုဟ်တုကို ဝေးလံရှည်လျားတဲ့ နေရာတွေကို ဆက်သွယ်တဲ့ ကွမ်တမ်နည်းပညာ အဓွန့်ရှည်ပြီး အလားအလာကောင်းတွေပေါ်ထွန်းလာနိုင်တယ်ဆိုတဲ့ သက်သေပြဖို့ ပြုလုပ်တဲ့ စမ်းသပ်ချက်တွေမှာ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

သာမန် ဆက်သွယ်ရေးစနစ်တွေနဲ့မတူတာက တရုတ်ရဲ့ဒီဂြိုဟ်တုဟာ သတင်းအချက်အလက်တွေကို အနက်ဖော်လို့မရအောင် ကာကွယ်တဲ့နေရာမှာ လိုအပ်တဲ့ encrypt key ပို့တဲ့နေရာမှာ ဖိုတွန်ကို အသုံးပြုထားတာပါပဲ။ ဖိုတွန်ဒြပ်စင်အမှုန်တွေ ပေါက်ကွဲမှုကနေတစ်ဆင့် အချက်အလက်တွေကို ပေးပို့ပေးတာဖြစ်တဲ့အတွက် ကြားဖြတ်နားထောင်တဲ့ အခြေအနေမျိုးရှိလာရင် သတင်းအချက်အလက်တွေဟာ အလိုလို ဖျက်ပြီးသားဖြစ်သွားမှာပါ။ ပြီးရင်လည်း သတင်းပေးပို့သည့်ဆီကို မက်ဆေ့ခ်ျပျက်သွားပြီဆိုတဲ့ အကြောင်း စနစ်တစ်ခုနဲ့ သတင်းပို့ပေးမှာ ဖြစ်ပါတယ်။

Ref: AFP