ဘရာဇီးမှာ Bahian Folkloric အကပွဲတော်ကျင်းပ

 

ဘရာဇီးနိုင်ငံအရှေ့ဘက်မှာ တည်ရှိတဲ့ဘာဟီယားမှာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကတည်းကပြုလုပ်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှု အကတစ်ခုဖြစ်တဲ့ Bahian Folkloric အကပွဲကို ဇာတ်ရုံတစ်ခုမှာ ဒေသခံလူငယ်တွေက ပါဝင်ဆင်နွှဲ ကပြခဲ့ကြပါတယ်။

ဒေသတွင်းနာမည်ကျော် ကပွဲတစ်ခုဖြစ်တဲ့ ဒီကပွဲကိုကမ္ဘာတစ်လွှားက ပရိတ်သတ်တွေအများအပြား လာရောက်အားပေးခဲ့ကြပြီး လူငယ်တွေအနေနဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

ပွဲကိုလာရောက်ကြည့်ရှု့တဲ့ပရိတ်သတ်တစ်ဦးက “ဒီပွဲကိုကြည့်ရတာအရမ်းကို ကြိုက်ပါတယ်။ တစ်ကယ့်ကို ခွန်အားသုံပြီး ကပြရတာဖြစ်လို့ ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်”လို့ဆိုပါတယ်။

ပွဲမှာတင်ဆက်ကပြကြတဲ့လူငယ်တွေဟာ တရားဝင်အနုပညာကျောင်းဆင်းတွေမဟုတ်ဘဲ တက္ကသိုလ် ကျောင်းအသီးသီးက ကျောင်းသားကျောင်းသူတွေ စုဖွဲ့ပြီးခုလို ဖျော်ဖြေကြတာလည်း ဖြစ်ပါတယ်။

adv_banner