E-cigraette သောက်သုံးခြင်းကို WHO တားမြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလူငယ်တွေကို ဆိုးကျိုးသက်ရောက်စေနိုင်မယ့် e-cigarette သောက်သုံးခြင်းကို တားမြစ်ဖို့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

e-cigarette ပိတ်ပင်တားမြစ်ခြင်းဆိုင်ရာ အစည်အဝေးကို ပြီးခဲ့တဲ့အင်္ဂါနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့လူငယ်တွေကြားမှာ အီးစီးကရက် သောက်သုံးမှုမြင့်တက်လာခြင်းကို သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့ အစည်းတွေ အနေနဲ့အလေးအနက်ထားလုပ်ဆောင်သွားဖို့အတွက်လည်း WHO အနေနဲ့ တိုက်တွန်းလိုက် ပါတယ်။

ကျန်းမာရေးဆိုင်ရာ သုတေသနတွေ့ရှိချက်အရ e-cigarette ကိုသောက်သုံးခြင်းဟာ အဆုတ်ကို ထိခိုက်စေနိုင်သလိုဦးနှောက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်လို့ လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရှောင်ရမှာ ဖြစ်တယ်လို့တာဝန် ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။

ဈေးကွက်ထဲကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပြီဖြစ်တဲ့ e-cigarette နဲ့ပတ်သက်ပြီး ထိန်းချုပ်ဖို့ခက်ခဲ နိုင်ပေမယ့် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအစိုးရ WHO နဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု နှလုံးကျန်းမာရေးဌာနရဲ့အဆိုအရ နိုင်ငံတွင်းမှာ e-cigarette ထုတ်လုပ် ရောင်းချခဲ့မှုဟာ ၂၀၁၄ ခုနှစ်အတွင်း နှစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

adv_banner
adv_banner