0
113
အမေရိကန်မှာ ငါးဦးမြောက် ဂွါတီမာလာကလေးငယ် သေဆုံး
အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်က နယ်စပ်မှာ ငါးဦးမြှောက်ဂွါတီမာလာ ကလေးငယ် သေဆုံးသွားပြီလဲ ဖြစ်ပါတယ်။
မေလ ၂၀ ရက်နေ့ တနင်္လာနေ့က အသက် ၁၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးကို ဝက်စ်လာကို ဘူတာရုံမှာ အသက် မရှိပဲ တွေရှိခဲ့တာပါ။ သေဆုံးခဲ့သဟာ မေလ ၁၃ ရက်နေ့က တက်ဆက်စ် ပြည်တယ်တောင်ပိုင်းက ရီရို ဂရမ်ဒီ ချိုင်ဝှမ်းကနေ နယ်စပ်ကို ဖြတ်ကျော်လာလို့ ထိန်းသိမ်းခံထားရသူဖြစ်တယ်လို့ အမေရိကန် အေကောက်ခွန် နှင့် နယ်စပ်ရေးရာကာကွယ်စောင့်ရှောက်ရေး ဌာနက ပြောပါတယ်။
တာဝန်ရှိသူတွေက အခုသေဆုံးမှုဖြစ်စဉ်ကို မသိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒေသတွင်း သတင်းဌာနတွေက သေဆုံးသူဟာ မသေဆုံးမီ နေမကောင်းဖြစ်ခဲ့ကြောင်း၊ တုပ်ကွေးဖြစ်နေတာဖြစ်ကြောင်း နပ်စ်မ တစ်ဦးက ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။