ဂ်ိဳကို ဝီဒုိဒို အင္ဒိုနီး႐ွား သမၼတအျဖစ္ ေနာက္တႀကိမ္ ေရြးေကာက္ခံရ

0
104
JAKARTA, INDONESIA - APRIL 13: Indonesian President Joko Widodo, popularly known as Jokowi, gives a speech to supporters at a rally at Jakarta's main stadium on April 13, 2019 in Jakarta, Indonesia. Indonesia's general elections will be held on April 17 pitting incumbent President Joko Widodo against Prabowo who he defeated in the last election in 2014.(Photo by Ed Wray/Getty Images)

အင္ဒိုနီး႐ွားသမၼတေဟာင္းျဖစ္တဲ့ ဂ်ုိဳကို ဝီဒိုဒို ဟာ ေရြးေကာက္ပြဲကို ဒုတိယအႀကိမ္အႏိုင္ရခဲ့ၿပီးေတာ့ သမၼတအျဖစ္ ေနာက္တႀကိမ္ျပန္လည္ ေရြးေကာက္ခံလိုက္ရပါတယ္။

အခုႏွစ္ေရြးေကာက္ပြဲရဲ႕ မဲရလဒ္ကို ေမလ ၂၁ ရက္ အဂၤါေန႔မွာ ေၾကညာခဲ့တာပါ။ မဲရလဒ္ဟာ ဂ်ိုကို ဝီဒိုဒို ဟာ ၅၅.၅ ရာခုိင္ႏႈန္းျဖစ္ၿပီး   ၿပိဳင္ဖက္ျဖစ္သူ ပရာဘိုဝို ဆူဘီယံတို ကို ၄၄.၅ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ဂ်ဳိကုိဝီ ဟာ ၿပိဳင္ဖက္ျဖစ္သူကို ျပည္နယ္ ၃၄ ခုမွာ ၂၁ ခု အထိ အႏိုင္ရ႐ွိခဲ့တယ္လို႔ အင္ဒိုနီး႐ွား CNN သတင္းဌာနမွာေဖာ္ျပထားပါတယ္။

ေရြးေကာက္ပြဲ ရလဒ္အရ မာ႐ုဖ္ အာမင္ကလည္း ဒုတိယသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ ျဖစ္လာပါတယ္။

ဂျိုကို ဝီဒိုဒို အင်ဒိုနီးရှား သမ္မတအဖြစ် နောက်တကြိမ် ရွေးကောက်ခံရ

အင်ဒိုနီးရှားသမ္မတဟောင်းဖြစ်တဲ့ ဂျိုုကို ဝီဒိုဒို ဟာ ရွေးကောက်ပွဲကို ဒုတိယအကြိမ်အနိုင်ရခဲ့ပြီးတော့ သမ္မတအဖြစ် နောက်တကြိမ်ပြန်လည် ရွေးကောက်ခံလိုက်ရပါတယ်။

အခုနှစ်ရွေးကောက်ပွဲရဲ့ မဲရလဒ်ကို မေလ ၂၁ ရက် အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။ မဲရလဒ်ဟာ ဂျိုကို ဝီဒိုဒို ဟာ ၅၅.၅ ရာခိုင်နှုန်းဖြစ်ပြီး ပြိုင်ဖက်ဖြစ်သူ ပရာဘိုဝို ဆူဘီယံတို ကို ၄၄.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဂျိုကိုဝီ ဟာ ပြိုင်ဖက်ဖြစ်သူကို ပြည်နယ် ၃၄ ခုမှာ ၂၁ ခု အထိ အနိုင်ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား CNN သတင်းဌာနမှာဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်အရ မာရုဖ် အာမင်ကလည်း ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတယ်။