
0
112




ဂျာမနီမှာ မွေးကင်းစ ကလေးကို တက်စီပေါ်မေ့ခဲ့

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ မေလ ၂၀ ရက်နေ့က စုံတွဲတစ်တွဲဟာ သူတို့ရဲ့မွေးခါစကလေးကို တက္ကစီပေါ်မှာ မေ့ကျန်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။


သူတို့စုံတွဲက မေလ ၂၀ ရက် တနင်္လာနေ့က ဆေးရုံကနေ တက္ကစီငှားပြီး အိမ်ပြန်ရောက်တော့ ၁ နှစ်သားအရွယ် ကလေးကိုပဲ ကားထဲကထုတ်၊ တက္ကစီခ ရှင်းပြီး ပြန်လွှတ်လိုက်တာပါ။ တက္ကစီထွက်သွားတဲ့ အခါမှ အဖေဖြစ်သူက မွေးကင်းစကလေးကို ကျန်ခဲ့တာကို သတိရပြီး ပြေးလိုက်ခဲ့ပေမယ့် မမီခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။


ကလေးငယ်က အိပ်နေလို့ ကားသမားလဲ သတိမထားမိဘဲ နေ့လည်စာသွားစားဖို့ မြေအောက်ပါကင်ထိပါသွားခဲ့ပါတယ်။ လေဆိပ်ကို ခရီးသည်သွားကြိုတဲ့အခါမှ ခရီးသည်က ပြောလို့ သိရပြီး ရဲတွေကို တစ်ဆင့် မိသားစုကို ဆက်သွယ်ပြီးတော့ ကေးလကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။