
0
135




နိုင်ငံရွေးကောက်ပွဲမှာ မဲအသာနဲ့အနိုင်ရဖို့ များနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ရဲ့ Hindu nationalist party နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ မဲအများစုနဲ့ရနိုင် ခြေရှိပြီး နိုင်ငံရွေးကောက်ပွဲမှာ မဲအသာနဲ့အနိုင်ရဖို့ နီးစပ်တယ်လို့ မဲပေးခဲ့သူများစစ်တမ်းမှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့က ကျန်ရှိနေတဲ့ ၅၉ ခရိုင်မှာ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တာနဲ့ တစ်ပြိုင်နက်တည်း သတင်းမီဒီယာကြီး ၉ ခုက သူတို့ကောက်ယူခဲ့တဲ့ စစ်တမ်းတွေကို ထုတ်ပြန်ခဲ့တာပါ။ ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းခဲ့တဲ့ တမီနဒူး ပြည်နယ်မှအပ မဲဆန္ဒနယ် ၅၄၂ ခုမှာ ဧပြီလ ၁၁ ရက်နေ့ ကတည်းက အဆင့် ၇ ဆင့်ခွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ ဘာရတီယ ဂျနာ့တ ပါတီ ဒါမှမဟုတ် BJP ပါတီ နဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ ရာဟူးဂန်ဒီ (Rahul Gandhi) ဦးဆောင်တဲ့ ကွန်ဂရက်စ် ပါတီတို့ဟာ အဓိက ယှဉ်ပြိုင်နေရတဲ့ ပါတီတွေဖြစ်ပါ တယ်။ သတင်းမီဒီယာ ၇ ခုက BJP ပါတီနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ မဲအသာနဲ့ အနိုင်ရနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ အခြားမီဒီယာ ၂ ခုကတော့ မဟာမိတ်ပါတီက မဲအများစုနီးပါး အနိုင်ရနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။