တ႐ုတ္မွာ ဘားအမိုး ၿပိဳက်လို႔ သံုးဦးေသ

0
171

တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ဂြမ္ရွီျပည္နယ္မွာ ဘားအမိုးျပဳက်လို႔ လူသံုးဦးေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။

ေဘစီၿမိဳ႕ရွိ ဘားမွာ ဒီေန႔ ေမလ ၂၀ ရက္ေန႔က ဘားအမိုး ၿပိဳက်တာျဖစ္ၿပီး အေဆာက္အဦးထဲက လူ ၈၅ ဦးကို ကယ္ထုတ္ခဲ့ရပါတယ္။ အထဲမွာ ပိတ္မိေနသူ ရွိႏိုင္တယ္လို႔လည္း ခန္႔မွန္းၾကပါတယ္။

သံမဏိေဘာင္ေတြနဲ႔ ေဆာက္ထားတဲ့ သံုးထပ္ အေဆာက္အအံုရဲ႕ အေပၚဆံုးထပ္မွာ ဘားက တည္ရွိတာပါ။ ေဆးဘက္ဆိုင္ရာ အကူအညီေပးေရးအဖြဲ႔ကို ေစလႊတ္ထားၿပီလို႔ တ႐ုတ္အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ေျပာပါတယ္။

တရုတ်မှာ ဘားအမိုး ပြိုကျလို့ သုံးဦးသေ

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ရှီပြည်နယ်မှာ ဘားအမိုးပြုကျလို့ လူသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ဘေစီမြို့ရှိ ဘားမှာ ဒီနေ့ မေလ ၂၀ ရက်နေ့က ဘားအမိုး ပြိုကျတာဖြစ်ပြီး အဆောက်အဦးထဲက လူ ၈၅ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။ အထဲမှာ ပိတ်မိနေသူ ရှိနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

သံမဏိဘောင်တွေနဲ့ ဆောက်ထားတဲ့ သုံးထပ် အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ဘားက တည်ရှိတာပါ။ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ကို စေလွှတ်ထားပြီလို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောပါတယ်။