ရာနဲ႔ခ်ီတဲ့ ကေလးေတြမွာ HIV ပိုးေတြ႔လို႔ သံသယရွိသူ ပါကစၥတန္ ဆရာဝန္ကို ဖမ္းဆီး

0
210

ပါကစၥတန္ႏိုင္ငံအတြင္း ရာနဲ႔ခ်ီတဲ့ ကေလးေတြမွာ HIV ကူးစက္မႈ ေတြ႔ရွိရတဲ့အတြက္ တာဝန္ရွိတယ္လို႔ ယူဆတဲ့ ဆရာဝန္ကို ဖမ္းဆီး စစ္ေဆးေနပါတယ္။

ပါကစၥတန္ႏိုင္ငံ၊ ဆင္ဒါျပည္နယ္က လူ ၅၀၀ ခန္႔မွာ HIV ပိုး ကူးစက္ေနတာ ေတြ႔ရွိရၿပီး ကေလးငယ္ ၄၀၀ ခန္႔မွာလည္း ကူးစက္ေနတာ ေတြ႔ရတယ္လို႔ ေဒသဆိုင္ရာ AIDS ထိန္းခ်ဳပ္ေရး အစီအစဥ္က အႀကီးအကဲ ဆီကန္ဒါ မီမြန္က ေျပာပါတယ္။ HIV ပိုး ကူးစက္မႈေတြဟာ လာကနာ ေဒသမွာ ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ၾကပါတယ္။

ကုလသမဂၢ ေအဂ်င္စီေတြရဲ႕ အကူအညီနဲ႔ စံုစမ္းစစ္ေဆးတဲ့အခါ ဆရာဝန္တစ္ဦးဦးဟာ ေဆးထိုးအပ္ကို ထပ္ခါတလဲလဲ အသံုးျပဳတာေၾကာင့္လို႔ ယူဆခဲ့ၾကပါတယ္။ AIDS ေရာဂါ ျဖစ္ေနတဲ့ ေဒသခံဆရာဝန္တစ္ဦးကို ဖမ္းဆီးစစ္ေဆးေနတာ ျဖစ္ပါတယ္။ လာကနာမွာ ေနထိုင္တဲ့ ေရမာနာ ဘီဘီဟာ သူ႔ရဲ႕ ၁၀ ႏွစ္အရြယ္သား HIV ပိုးေတြ႔လို႔ အလြန္စိတ္ထိခိုက္မိေၾကာင္း ေျပာပါတယ္။

ရာနဲ့ချီတဲ့ ကလေးတွေမှာ HIV ပိုးတွေ့လို့ သံသယရှိသူ ပါကစ္စတန် ဆရာဝန်ကို ဖမ်းဆီး

ပါကစ္စတန်နိုင်ငံအတွင်း ရာနဲ့ချီတဲ့ ကလေးတွေမှာ HIV ကူးစက်မှု တွေ့ရှိရတဲ့အတွက် တာဝန်ရှိတယ်လို့ ယူဆတဲ့ ဆရာဝန်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

ပါကစ္စတန်နိုင်ငံ၊ ဆင်ဒါပြည်နယ်က လူ ၅၀ဝ ခန့်မှာ HIV ပိုး ကူးစက်နေတာ တွေ့ရှိရပြီး ကလေးငယ် ၄၀ဝ ခန့်မှာလည်း ကူးစက်နေတာ တွေ့ရတယ်လို့ ဒေသဆိုင်ရာ AIDS ထိန်းချုပ်ရေး အစီအစဉ်က အကြီးအကဲ ဆီကန်ဒါ မီမွန်က ပြောပါတယ်။ HIV ပိုး ကူးစက်မှုတွေဟာ လာကနာ ဒေသမှာ ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အကူအညီနဲ့ စုံစမ်းစစ်ဆေးတဲ့အခါ ဆရာဝန်တစ်ဦးဦးဟာ ဆေးထိုးအပ်ကို ထပ်ခါတလဲလဲ အသုံးပြုတာကြောင့်လို့ ယူဆခဲ့ကြပါတယ်။ AIDS ရောဂါ ဖြစ်နေတဲ့ ဒေသခံဆရာဝန်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။ လာကနာမှာ နေထိုင်တဲ့ ရေမာနာ ဘီဘီဟာ သူ့ရဲ့ ၁၀ နှစ်အရွယ်သား HIV ပိုးတွေ့လို့ အလွန်စိတ်ထိခိုက်မိကြောင်း ပြောပါတယ်။


?bph6