အရက္မူးၿပီး အဘိုးရဲ႕ကား ခိုးေမာင္းတဲ့ ၁၂ ႏွစ္သမီး အဖမ္းခံရ

0
170

အေမရိကန္ႏိုင္ငံ၊ နယူးမကၠဆီကိုၿမိဳ႕မွာ အရက္မူးကာ အဘိုးရဲ႕ကားကို ခိုးေမာင္းလာတဲ့ ၁၂ ႏွစ္အရြယ္ မိန္းကေလးကို ရဲက ဖမ္းဆီးလိုက္ပါတယ္။ အရွိန္ျပင္းျပင္းနဲ႔ ေမာင္းသြားတဲ့ကားကို ရဲက လိုက္ဖမ္းရာက ေမာင္းေျပးတဲ့ကားဟာ အရွိန္ျပတဲ့ ဆိုင္းဘုတ္ကိုတိုက္ၿပီး ရပ္သြားခဲ့ပါတယ္။

ကားေပၚမွာ ကားေမာင္းတဲ့ မိန္းကေလးအျပင္ ၁၂ နဲ႔ ၁၃ ႏွစ္အရြယ္ၾကား မိန္းကေလး သံုးဦးကို ရဲေတြက ေတြ႔ရွိခဲ့ၿပီး အသက္႐ႈႏိုင္ေအာင္ ကားျပင္ဆြဲထုတ္ဖို႔ ႀကိဳးစားခဲ့ရပါတယ္။ ကားေမာင္းတဲ့ မိန္းကေလးက သူ႔အဘိုး အိပ္ေပ်ာ္ေနစဥ္ အဘိုးရဲ႕ကားကို ခိုးလာကာ သူ႔သူငယ္ခ်င္းေတြကို သြားေခၚခဲ့ေၾကာင္း ဝန္ခံပါတယ္။

ကားထဲမွာ ေဗာ္ဒကာ အရက္တစ္ပုဒ္နဲ႔ အယ္လ္ကိုေဟာပါတဲ့ လက္ဖက္ရည္ဘူးေတြကို ေတြ႔ရွိခဲ့ပါတယ္။ မိန္းကေလး ေလးဦးကို အသက္မျပည့္ေသးဘဲ အရက္ေသာက္မႈ၊ ယာဥ္ေမာင္းစဥ္ အရက္ေသာက္မႈေတြနဲ႔ အေရးယူမွာ ျဖစ္ပါတယ္။  

အရက်မူးပြီး အဘိုးရဲ့ကား ခိုးမောင်းတဲ့ ၁၂ နှစ်သမီး အဖမ်းခံရ

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုမြို့မှာ အရက်မူးကာ အဘိုးရဲ့ကားကို ခိုးမောင်းလာတဲ့ ၁၂ နှစ်အရွယ် မိန်းကလေးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မောင်းသွားတဲ့ကားကို ရဲက လိုက်ဖမ်းရာက မောင်းပြေးတဲ့ကားဟာ အရှိန်ပြတဲ့ ဆိုင်းဘုတ်ကိုတိုက်ပြီး ရပ်သွားခဲ့ပါတယ်။

ကားပေါ်မှာ ကားမောင်းတဲ့ မိန်းကလေးအပြင် ၁၂ နဲ့ ၁၃ နှစ်အရွယ်ကြား မိန်းကလေး သုံးဦးကို ရဲတွေက တွေ့ရှိခဲ့ပြီး အသက်ရှုနိုင်အောင် ကားပြင်ဆွဲထုတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ကားမောင်းတဲ့ မိန်းကလေးက သူ့အဘိုး အိပ်ပျော်နေစဉ် အဘိုးရဲ့ကားကို ခိုးလာကာ သူ့သူငယ်ချင်းတွေကို သွားခေါ်ခဲ့ကြောင်း ဝန်ခံပါတယ်။

ကားထဲမှာ ဗော်ဒကာ အရက်တစ်ပုဒ်နဲ့ အယ်လ်ကိုဟောပါတဲ့ လက်ဖက်ရည်ဘူးတွေကို တွေ့ရှိခဲ့ပါတယ်။ မိန်းကလေး လေးဦးကို အသက်မပြည့်သေးဘဲ အရက်သောက်မှု၊ ယာဉ်မောင်းစဉ် အရက်သောက်မှုတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။

    

?bph6