ဘယ္ယဥ္ေက်းမႈမွ သာလြန္တယ္ဆိုတာ မရွိဘူးလို႔ သမၼတ ရွီ ေျပာ

0
135

“ယဥ္ေက်းမႈေတြ တိုးတိုက္မိတယ္” ဆိုတာနဲ႔ ပတ္သက္လို႔ ဘယ္ယဥ္ေက်းမႈကမွ တျခား ယဥ္ေက်းမႈ တစ္ခုထက္ သာလြန္တယ္ဆိုတာ မရွိဘူးလို႔ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္က ေျပာပါတယ္။

တ႐ုတ္ဟာ ၿပိဳင္ဘက္ အေမရိကန္နဲ႔ ယဥ္ေက်းမႈခ်င္းၾကား တိုးတိုက္မႈေတြ ရွိတယ္လို႔ အေမရိကန္က အဆင့္ျမင့္အရာရွိေတြရဲ႕ မွတ္ခ်က္ကို သမၼတ ရွီက တံု႔ျပန္လိုက္တာ ျဖစ္ပါတယ္။ ဒီေန႔ ေမလ ၁၅ ရက္ ေဘဂ်င္းၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ေရး ထိပ္သီးအစည္းအေဝး ဖြင့္ပြဲမွာ သမၼတ ရွီက ေျပာတာ ျဖစ္ပါတယ္။

တိုင္းျပည္တစ္ခုရဲ႕ ယဥ္ေက်းမႈက တျခားတစ္ခုထက္ သာတယ္ဆိုတဲ့ အေတြးနဲ႔ တျခား ယဥ္ေက်းမႈေတြကို အစားထိုးရမယ္၊ ျပန္ၿပီး ပံုစံသြင္းရမယ္ဆိုတဲ့ အေတြးဟာ ႐ူးသြပ္မႈသာျဖစ္ေၾကာင္း၊ အဲဒီလို ယူဆလုပ္ကိုင္ခဲ့တဲ့ ဆိုးက်ိဳးေတြသာ ရမွာျဖစ္ေၾကာင္း သမၼတ ရွီက ေျပာသြားပါတယ္။

ဘယ်ယဉ်ကျေးမှုမှ သာလွန်တယ်ဆိုတာ မရှိဘူးလို့ သမ္မတ ရှီ ပြော


“ယဉ်ကျေးမှုတွေ တိုးတိုက်မိတယ်” ဆိုတာနဲ့ ပတ်သက်လို့ ဘယ်ယဉ်ကျေးမှုကမှ တခြား ယဉ်ကျေးမှု တစ်ခုထက် သာလွန်တယ်ဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။


တရုတ်ဟာ ပြိုင်ဘက် အမေရိကန်နဲ့ ယဉ်ကျေးမှုချင်းကြား တိုးတိုက်မှုတွေ ရှိတယ်လို့ အမေရိကန်က အဆင့်မြင့်အရာရှိတွေရဲ့ မှတ်ချက်ကို သမ္မတ ရှီက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၅ ရက် ဘေဂျင်းမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲမှာ သမ္မတ ရှီက ပြောတာ ဖြစ်ပါတယ်။


တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုက တခြားတစ်ခုထက် သာတယ်ဆိုတဲ့ အတွေးနဲ့ တခြား ယဉ်ကျေးမှုတွေကို အစားထိုးရမယ်၊ ပြန်ပြီး ပုံစံသွင်းရမယ်ဆိုတဲ့ အတွေးဟာ ရူးသွပ်မှုသာဖြစ်ကြောင်း၊ အဲဒီလို ယူဆလုပ်ကိုင်ခဲ့တဲ့ ဆိုးကျိုးတွေသာ ရမှာဖြစ်ကြောင်း သမ္မတ ရှီက ပြောသွားပါတယ်။


?bph6