
0
120




အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ထူထောင်ချင်ကြောင်း ရုရှားပြော


ဝါရှင်တန်နဲ့ မော်စကိုကြား ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်လိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုနဲ့ တွေ့ဆုံစဉ် ပြောကြာလိုက်ပါတယ်။


ရုရှား-အမေရိကန် ဆက်ဆံရေး အကျိုးရှိဖို့နဲ့ ဖွံ့ဖြိုးမှုတွေ တိုးမြှင့်ဖို့ အလည်လာရောက်တာကို သဘောကျနှစ်သက်ကြောင်း သမ္မတ ပူတင်က ပြောပါတယ်။ သမ္မတ ပူတင်နဲ့ ပွန်ပီယိုတို့ဟာ ဆိုချီမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။


၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်ခဲ့တယ်ဆိုတဲ့ အချက် ဖော်ပြထားတဲ့ မူလာ ကော်မရှင် အစီရင်ခံစာကိုလည်း သမ္မတ ပူတင်က ချီးကျူးခဲ့ပါတယ်။


?bph6