
0
170




မာဒူရိုကို ထောက်ခံသူတွေ ဗင်နီဇွဲလား သံရုံးထဲက ထွက်ခွာဖို့ ငြင်းဆို


အမေရိကန်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလားသံရုံးထဲမှာ ခိုလှုံနေတဲ့ ဗင်နီဇွဲလား တက်ကြွလှုပ်ရှားသူတွေက သတိပေး ထွက်ခွာခိုင်းထားပေမယ့် သံရုံးထဲမှာပဲ ခိုလှုံနေပါတယ်။


သူတို့ဟာ အနောက်နိုင်ငံတွေက အသိအမှတ် မပြုတဲ့ ဆိုရှယ်လစ်ဝါဒီ နီကိုလပ်စ် မာဒူရိုကို တရားဝင် သမ္မတအဖြစ် ထောက်ခံနေကြတာ ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေက သံရုံးထဲက ထွက်ခွာကြဖို့ ညွှန်ကြားထားပေမယ့် မစွန့်ခွာဘဲ သံရုံးထဲမှာ နေထိုင်တာ တစ်လကျော်ပြီ ဖြစ်ပါတယ်။


သူတို့ဟာ တခါတရံ သံရုံးထဲကနေ ကြွေးကြော်သံတွေ အော်ဟစ်ကြပါတယ်။ သံရုံးအပြင်ဘက်မှာတော့ အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး အနောက်နိုင်ငံတွေက ထောက်ခံအသိအမှတ်ပြုထားတဲ့ ဂျူအန် ဂွာအီဒိုကို ထောက်ခံသူတွေလည်း တန်ပြန် ဆန္ဒပြနေကြပါတယ်။