
0
216




PSG အသင်းကို ပြောင်းရွှေ့ဖို့ ယူနိုက်တက် ကွင်းလယ်လူ ဟာရဲရား သဘောတူညီမှုရရှိ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား အန်ဒါဟာရဲရားက လာမယ့်နွေရာသီ ဈေးကွက်မှာ ပြင်သစ်ကလပ် PSG ကို ၃ နှစ် စာချုပ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ ဟာရဲရားဟာ ၂၀၁၄ ခုနှစ်က စပိန်ကလပ် ဘီဘာအိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၈၉ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။ ဟာရဲရားဟာ ယူနိုက်တက် အသင်းနဲ့အတူ FA ဖလားတစ်ကြိမ်၊ ယူရိုပါလိဂ် ဖလားတစ်ကြိမ် ဆွတ်ခူးခဲ့သူဖြစ်ပြီး လက်ရှိ စာချုပ်သက်တမ်းဟာ နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် Mirror သတင်းစာကတော့ ဟာရဲရားဟာ နွေရာသီမှာ PSG အသင်းဆီကို ပြောင်းရွှေ့ဖို့ သဘောတူထားပြီး တစ်ပတ်လစာ ပေါင် ၁ သိန်း ၆ သောင်းရရှိမယ့် ၃ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြခဲ့ပါတယ်။


?bph6