အမ်ိဳးသမီးေတြကို ေျခရာခံႏိုင္တဲ့ အပလီေကးရွင္း ဖယ္ရွားေပးဖို႔ ေတာင္းဆို

0
92

ပင္လယ္ေကြ႔ အာရပ္ႏိုင္ငံေတြမွာ အမ်ိဳးသားေတြက ေဆြမ်ိဳးေတာ္စပ္တဲ့ အမ်ိဳးသမီးေတြကို ေျခရာခံႏိုင္တဲ့ အပလီေကးရွင္းကို Apple နဲ႔ Google တို႔ကေ ဖယ္ရွားေပးဖို႔ ေဆာ္ဒီအာေရဗ်ကေန ထြက္ေျပးလာတဲ့ ညီအစ္မ ႏွစ္ဦးက ေတာင္းဆိုလိုက္ပါတယ္။

Apple နဲ႔ Google တို႔ဟာ Absher လို႔ ေခၚတဲ့ အပလီေကးရွင္းကို ဖယ္ရွားသင့္ေၾကာင္း၊ အဲဒီ အပလီေကးရွင္းဟာ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြအေပၚ ႀကီးစိုးခ်ဳပ္ခ်ယ္မႈကို အေထာက္အပံ့ ေပးေနေၾကာင္း အေမရိကန္မွာ ခိုလံႈေတာင္းခံထားတဲ့ မာဟာနဲ႔ ဝါဖာ ဆိုတဲ့ ညီအစ္မ ႏွစ္ဦးက ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဟာ ဖိႏွိပ္တဲ့ ေဆာ္ဒီအာေရဗ်ကေန ထြက္ေျပးလာၿပီး အေမရိကန္ႏုိင္ငံ၊ ေဂ်ာ္ဂ်ီယာ ျပည္နယ္မွာ ခိုလံႈခြင့္ ေတာင္းခံထားတာ ျဖစ္ပါတယ္။ ဒီ အပလီေကးရွင္းဟာ မိသားစုေတြက မိန္းကေလးအေပၚ ဖိႏွိပ္ဖို႔အတြက္ ေထာက္ေခ်ာက္ျဖစ္တယ္လို႔ သူတို႔က ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေကို ခြေရာခံနိုင်တဲ့ အပလီကေးရှင်း ဖယ်ရှားပေးဖို့ တောင်းဆို

ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေမှာ အမျိုးသားတွေက ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးတွေကို ခြေရာခံနိုင်တဲ့ အပလီကေးရှင်းကို Apple နဲ့ Google တို့ကေ ဖယ်ရှားပေးဖို့ ဆော်ဒီအာရေဗျကနေ ထွက်ပြေးလာတဲ့ ညီအစ်မ နှစ်ဦးက တောင်းဆိုလိုက်ပါတယ်။

Apple နဲ့ Google တို့ဟာ Absher လို့ ခေါ်တဲ့ အပလီကေးရှင်းကို ဖယ်ရှားသင့်ကြောင်း၊ အဲဒီ အပလီကေးရှင်းဟာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ကြီးစိုးချုပ်ချယ်မှုကို အထောက်အပံ့ ပေးနေကြောင်း အမေရိကန်မှာ ခိုလှုံတောင်းခံထားတဲ့ မာဟာနဲ့ ဝါဖာ ဆိုတဲ့ ညီအစ်မ နှစ်ဦးက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သူတို့နှစ်ဟာ ဖိနှိပ်တဲ့ ဆော်ဒီအာရေဗျကနေ ထွက်ပြေးလာပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်မှာ ခိုလှုံခွင့် တောင်းခံထားတာ ဖြစ်ပါတယ်။ ဒီ အပလီကေးရှင်းဟာ မိသားစုတွေက မိန်းကလေးအပေါ် ဖိနှိပ်ဖို့အတွက် ထောက်ချောက်ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

?bph6