သီရိလကၤာ မြတ္စလင္ေတြ လက္တံု႔ျပန္ခံရမွာ စိုးရြံ႔

0
403

သီရိလကၤာႏိုင္ငံမွာ ေသဆံုးသူ ၃၅၉ ဦး ရွိသြားၿပီျဖစ္တဲ့ အေသခံ ဗံုးေဖာက္ခြဲမႈေတြေၾကာင့္ အၾကမ္းဖက္မႈနဲ႔ မပတ္သက္တဲ့ သီရိလကၤာ မြတ္စလင္ေတြဟာ လက္တံု႔ျပန္ခံရမွာကို စိုးရိမ္ထိတ္လန္႔ေနၾကပါတယ္။

မစၥ ဇာရီနာ ဘီဂမ္ (၆၀ ႏွစ္) က ဗံုးေပါက္မႈေတြ ျဖစ္ကတည္းက သူအိပ္လို႔ မရခဲ့ေၾကင္း၊ မြတ္စလင္ေတြကို လူေတြ မုန္းေနမယ္ဆိုတာ သူသိေၾကာင္း၊ ဗံုးေဖာက္ခြဲမႈေတြေၾကာင့္ ကေလးငယ္ေတြဟာ မိခင္ရဲ႕ လက္ထဲမွာ ေနရင္း ေသခဲ့ရေၾကာင္း သူက ငိုေၾကြးၿပီး ေျပာပါတယ္။ ဗံုးခြဲအၾကမ္းဖက္သူေတြရဲ႕ ရင္ထဲမွာ ဒီေလာက္ အမုန္းတရားေတြ ရွိမယ္လို႔ သူ မထင္ခဲ့မိေၾကာင္းလည္း ေျပာပါတယ္။

သီရီလကၤာ ဝန္ႀကီးခ်ဳပ္ ရာေနးလ္ ဝစ္ကေရေမဆင္ေဂကလည္း လူထုကို တည္ၿငိမ္ၿပီး စည္းလံုးၾကဖို႔၊ မြတ္စလင္ အမ်ားစုကလည္း ဒီအၾကမ္းဖက္မႈကို အျပစ္တင္ခဲ့ၿပီး တမီလ္ေတြ၊ ဆင္ဟလီေတြနည္းတူ ေဒါသျဖစ္ၾကေၾကာင္း ေျပာခဲ့ပါတယ္။

မြတ္စလင္ေတြက ရဲေတြဟာ ဒီလို အေရးႀကီးတဲ့အခ်ိန္မွာ တျခားႏိုင္ငံသားေတြလိုပဲ သူတို႔အေပၚ အကာအကြယ္ ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကပါတယ္။ သီရိလကၤာ ႏိုင္ငံဟာ ေထရဝါဒ ဗုဒၶဘာဝင္ အမ်ားစုျဖစ္ၿပီး ဟိႏၵဴက ၁၂ ဒသမ ၆ ရာခိုင္ႏႈန္း၊ မြတ္စလင္က ၉ ဒသမ ၇ ရာခိုင္ႏႈန္း၊ ႐ိုမန္ကက္သလစ္ အမ်ားစုပါဝင္တဲ့ ခရစ္ယာန္က ၇ ဒသမ ၄ ရာခိုင္ႏႈန္း ရွိပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာ မွတ်စလင်တွေ လက်တုံ့ပြန်ခံရမှာ စိုးရွံ့

သီရိလင်္ကာနိုင်ငံမှာ သေဆုံးသူ ၃၅၉ ဦး ရှိသွားပြီဖြစ်တဲ့ အသေခံ ဗုံးဖောက်ခွဲမှုတွေကြောင့် အကြမ်းဖက်မှုနဲ့ မပတ်သက်တဲ့ သီရိလင်္ကာ မွတ်စလင်တွေဟာ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မစ္စ ဇာရီနာ ဘီဂမ် (၆၀ နှစ်) က ဗုံးပေါက်မှုတွေ ဖြစ်ကတည်းက သူအိပ်လို့ မရခဲ့ကြေင်း၊ မွတ်စလင်တွေကို လူတွေ မုန်းနေမယ်ဆိုတာ သူသိကြောင်း၊ ဗုံးဖောက်ခွဲမှုတွေကြောင့် ကလေးငယ်တွေဟာ မိခင်ရဲ့ လက်ထဲမှာ နေရင်း သေခဲ့ရကြောင်း သူက ငိုကြွေးပြီး ပြောပါတယ်။ ဗုံးခွဲအကြမ်းဖက်သူတွေရဲ့ ရင်ထဲမှာ ဒီလောက် အမုန်းတရားတွေ ရှိမယ်လို့ သူ မထင်ခဲ့မိကြောင်းလည်း ပြောပါတယ်။

သီရီလင်္ကာ ဝန်ကြီးချုပ် ရာနေးလ် ဝစ်ကရေမေဆင်ဂေကလည်း လူထုကို တည်ငြိမ်ပြီး စည်းလုံးကြဖို့၊ မွတ်စလင် အများစုကလည်း ဒီအကြမ်းဖက်မှုကို အပြစ်တင်ခဲ့ပြီး တမီလ်တွေ၊ ဆင်ဟလီတွေနည်းတူ ဒေါသဖြစ်ကြကြောင်း ပြောခဲ့ပါတယ်။

မွတ်စလင်တွေက ရဲတွေဟာ ဒီလို အရေးကြီးတဲ့အချိန်မှာ တခြားနိုင်ငံသားတွေလိုပဲ သူတို့အပေါ် အကာအကွယ် ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြပါတယ်။ သီရိလင်္ကာ နိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓဘာဝင် အများစုဖြစ်ပြီး ဟိန္ဒူက ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ မွတ်စလင်က ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ရိုမန်ကက်သလစ် အများစုပါဝင်တဲ့ ခရစ်ယာန်က ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်။

?bph6