
0
82




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်မှာ ပြင်းအား ၆ ဒသမ ၃ ရှိ နောက်ဆက်တွဲ ငလျင်ထပ်လှုပ်၊ သေဆုံးသူ မြင့်တက်နေ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင် မနေ့ ဧပြီလ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင် ထပ်မံလှုပ်ခဲ့ပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာကြောင်း သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေး ကောင်စီက ပြောပါတယ်။

အဲဒီ ကောင်စီရဲ့ အမှုဆောင် ဒါရိုက်တာ ရီကာဒို ဆာလတ်က ငလျင် လှုပ်မှုကြောင့် ဖိလစ်ပိုင် အလယ်ပိုင်း လူဇွန်ပြည်နယ်ရှိ ပမ်ပန်ဂါနဲ့ ဇမ်ဘာလက်စ်တို့မှာ ဒဏ်ရာရသူ ၈၁ ဦး ရှိပြီး ပျောက်ဆုံးနေသူ ၁၄ ဦး ရှိကြောင်း ပြောပါတယ်။

နောက်ဆက်တွဲ ထပ်မံလှုပ်ခတ်တဲ့ ပြင်းအား ၆ ဒသမ ၃ ငလျင်နဲ့ ပတ်သက်လို့ကတော့ ပျက်ဆီး ဆုံးရှုံးမှုနဲ့ သေဆုံးမှုကို မသိရသေးပါဘူး။

?bph6