ဖိလစ္ပိုင္ ကြန္ျမဴနစ္သူပုန္ေတြ တိုက္ခိုက္လို႔ စစ္သည္ ေျခာက္ဦး က်ဆံုး

0
230

ဖိလစ္ပိုင္ႏိုင္ငံမွာ ကြန္ျမဴနစ္ သူပုန္ေတြက တိုက္ခိုက္လို႔ ဖိလစ္ပိုင္ စစ္သည္ ေျခာက္ဦး က်ဆံုးေၾကာင္း ဖိလစ္ပိုင္ စစ္တပ္က သတင္းထုတ္ျပန္ပါတယ္။

ဆမာျပည္နယ္ အလယ္ပိုင္း ကြ်န္းေပၚမွာ ကြန္ျမဴနစ္ေတြ လႈပ္ရွားေနေၾကာင္း သတင္းရလို႔ စစ္သားေတြက စစ္ေဆးစဥ္ သူပုန္ေတြ ေထာင္ထားတဲ့ ေျမျမွဳပ္မိုင္း ေပါက္ကြဲခဲ့တယ္လို႔ ဗိုလ္မွဴးႀကီး ႏိုအယ္ ဒီတုိယာတိုက ေျပာပါတယ္။

အဲဒီေနာက္ နာရီနဲ႔ခ်ီ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီး သူပုန္တခ်ိဳ႕လည္း ဒဏ္ရာ ရခဲ့ပါတယ္။ ဖိလစ္ပိုင္ စစ္သားေတြ က်ဆံုးတာဟာ မိုင္းေပါက္ကြဲမႈေၾကာင့္ ျဖစ္တယ္လို႔ ဗိုလ္မွဴးႀကီး ဒီတိုယာတိုက ေျပာပါတယ္။ ေျမေအာက္ ကြန္ျမဴနစ္ပါတီရဲ႕ စစ္ေရးေတာင္ပံျဖစ္တဲ့ ျပည္သူ႔တပ္မေတာ္သစ္ သူပုန္အဖြဲ႔က ဒီတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ကွန်မြူနစ်သူပုန်တွေ တိုက်ခိုက်လို့ စစ်သည် ခြောက်ဦး ကျဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ကွန်မြူနစ် သူပုန်တွေက တိုက်ခိုက်လို့ ဖိလစ်ပိုင် စစ်သည် ခြောက်ဦး ကျဆုံးကြောင်း ဖိလစ်ပိုင် စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဆမာပြည်နယ် အလယ်ပိုင်း ကျွန်းပေါ်မှာ ကွန်မြူနစ်တွေ လှုပ်ရှားနေကြောင်း သတင်းရလို့ စစ်သားတွေက စစ်ဆေးစဉ် သူပုန်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ ဗိုလ်မှူးကြီး နိုအယ် ဒီတိုယာတိုက ပြောပါတယ်။

အဲဒီနောက် နာရီနဲ့ချီ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး သူပုန်တချို့လည်း ဒဏ်ရာ ရခဲ့ပါတယ်။ ဖိလစ်ပိုင် စစ်သားတွေ ကျဆုံးတာဟာ မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဒီတိုယာတိုက ပြောပါတယ်။ မြေအောက် ကွန်မြူနစ်ပါတီရဲ့ စစ်ရေးတောင်ပံဖြစ်တဲ့ ပြည်သူ့တပ်မတော်သစ် သူပုန်အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

 

?bph6