သီရိလကၤာမွာ ဗံုးကို ရွင္းလင္းဖို႔ ႀကိဳးပမ္းစဥ္ ေပါက္ကြဲ

0
230

သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုၿမိဳ႕ေတာ္ရွိ ခရစ္ယာန္ ဘုရားေက်ာင္းအနီး ေထာင္ထားတဲ့ဗံုးကို လံုၿခံဳေရး တပ္ဖြဲ႔ေတြက သက္မဲ့ ျပဳလုပ္ ရွင္းလင္းဖို႔ ႀကိဳးပမ္းစဥ္ မေအာင္ျမင္ဘဲ ေပါက္ကြဲခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

မေန႔ ဧၿပီလ ၂၂ ရက္ေန႔က ဗံုးေပါက္ကြဲသြားမႈမွာ ေသဆံုး၊ ထိခိုက္ဒဏ္ရာရသူ ဘယ္ေလာက္ရွိတယ္ ဆိုတာကိုေတာ့ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုဖိုင္ထဲမွာေတာ့ ဗံုးဟာ ျပင္ထန္စြာ ေပါက္ကြဲခဲ့တာကို ေတြ႔ျမင္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္မတိုင္ခင္ ဘက္စ္တီယန္ မာဝါသာ ကားဂိတ္မွာလည္း ဗံုး ဒီတိုေနတာ ၈၇ ခုကို ရဲေတြက ရွာေဖြ ေတြ႔ရွိခဲ့ပါတယ္။ သီရိလကၤာမွာ အီစတာေန႔ ဗံုးခြဲတိုက္ခိုက္ခံရမႈေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၃၁၀ ရွိလာၿပီး ဒဏ္ရာရသူ ၅၀၀ ရွိပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာမှာ ဗုံးကို ရှင်းလင်းဖို့ ကြိုးပမ်းစဉ် ပေါက်ကွဲ

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်ရှိ ခရစ်ယာန် ဘုရားကျောင်းအနီး ထောင်ထားတဲ့ဗုံးကို လုံခြုံရေး တပ်ဖွဲ့တွေက သက်မဲ့ ပြုလုပ် ရှင်းလင်းဖို့ ကြိုးပမ်းစဉ် မအောင်မြင်ဘဲ ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မနေ့ ဧပြီလ ၂၂ ရက်နေ့က ဗုံးပေါက်ကွဲသွားမှုမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဗုံးဟာ ပြင်ထန်စွာ ပေါက်ကွဲခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် ဘက်စ်တီယန် မာဝါသာ ကားဂိတ်မှာလည်း ဗုံး ဒီတိုနေတာ ၈၇ ခုကို ရဲတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သီရိလင်္ကာမှာ အီစတာနေ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၀ ရှိလာပြီး ဒဏ်ရာရသူ ၅၀ဝ ရှိပါတယ်။