သီရိလကၤာ ဗံုးခြဲမႈေတြဟာ ျပည္တြင္း အစၥလာမ္ အစြန္းေရာက္ အဖြဲ႔ျဖစ္

0
206

သီရိလကၤာႏိုင္ငံမွာ အီစတာ ဆန္းေဒး ပြဲေတာ္ကို အေသခံ ဗံုးခြဲသူေတြဟာ ျပည္တြင္းက ေနရွင္နယ္ ေသာဖိခ္ ဂ်မတ္ အဖြဲ႔ရဲ႕ လက္ခ်က္ ျဖစ္တယ္လို႔ သီရိလကၤာ အစိုးရက ေျပာပါတယ္။

ခရစ္ယာန္ ဘုရားေက်ာင္းနဲ႔ ဇိမ္ခံ ဟုိတယ္ေတြကို ဗံုးခြဲမႈေၾကာင့္ လူ ၂၉၀ ေသဆံုးၿပီး ၅၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ အေသခံဗံုးခြဲသူ အားလံုးဟာ သီရိလကၤာ ႏိုင္ငံသားေတြျဖစ္ၿပီး ျပည္ပက အဖြဲ႔အစည္းတခ်ိဳ႕နဲ႔ အခ်ိတ္အဆက္ ရွိတယ္လို႔ သံသယရွိေၾကာင္း အစိုးရက ေျပာပါတယ္။

တိုက္ခိုက္သူေတြရဲ႕ ခႏၶာကုိယ္ အပိုင္းအစေတြကို စစ္ေဆးခ်က္အရ အေသခံဗံုးခြဲသူေတြ ျဖစ္တယ္လို႔ မႈခင္း ေဆးပညာရွင္ အရိယနႏၵ ေဝလိဂၤက ေျပာပါတယ္။ တိုက္ခိုက္မႈ အမ်ားစုမွာ တစ္ေနရာကို အေသခံဗံုးခြဲသူ တစ္ဦးစီ ျဖစ္ၿပီး ကိုလမ္ဘိုရွိ ရွန္ဂရီလာ ဟိုတယ္မွာေတာ့ အေသခံဗံုးခြဲသူက ႏွစ္ဦးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာ ဗုံးခွဲမှုတွေဟာ ပြည်တွင်း အစ္စလာမ် အစွန်းရောက် အဖွဲ့ဖြစ်

သီရိလင်္ကာနိုင်ငံမှာ အီစတာ ဆန်းဒေး ပွဲတော်ကို အသေခံ ဗုံးခွဲသူတွေဟာ ပြည်တွင်းက နေရှင်နယ် သောဖိခ် ဂျမတ် အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သီရိလင်္ကာ အစိုးရက ပြောပါတယ်။

ခရစ်ယာန် ဘုရားကျောင်းနဲ့ ဇိမ်ခံ ဟိုတယ်တွေကို ဗုံးခွဲမှုကြောင့် လူ ၂၉၀ သေဆုံးပြီး ၅၀ဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အသေခံဗုံးခွဲသူ အားလုံးဟာ သီရိလင်္ကာ နိုင်ငံသားတွေဖြစ်ပြီး ပြည်ပက အဖွဲ့အစည်းတချို့နဲ့ အချိတ်အဆက် ရှိတယ်လို့ သံသယရှိကြောင်း အစိုးရက ပြောပါတယ်။

တိုက်ခိုက်သူတွေရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို စစ်ဆေးချက်အရ အသေခံဗုံးခွဲသူတွေ ဖြစ်တယ်လို့ မှုခင်း ဆေးပညာရှင် အရိယနန္ဒ ဝေလိင်္ဂက ပြောပါတယ်။ တိုက်ခိုက်မှု အများစုမှာ တစ်နေရာကို အသေခံဗုံးခွဲသူ တစ်ဦးစီ ဖြစ်ပြီး ကိုလမ်ဘိုရှိ ရှန်ဂရီလာ ဟိုတယ်မှာတော့ အသေခံဗုံးခွဲသူက နှစ်ဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

?bph6