သီရိလကၤာဗံုးခြဲမႈမွာ အေသခံ ဗံုးခြဲသူ ၇ ဦးရွိေၾကာင္း စံုစမ္းစစ္ေဆးေရးသမားေတြ ေျပာ

0
350

သီရိလကၤာႏိုင္ငံမွာ အီစတာ ဆန္းေဒးပြဲေတာ္ အတြင္း ဗံုးခြဲမႈေတြမွာ အေသခံ ဗံုးခြဲသူ ၇ ဦး ရွိတယ္လို႔ အစိုးရ စံုစမ္းစစ္ေဆးေရးသမားေတြက ေျပာပါတယ္။

အီစတာေန႔မွာ ခရစ္ယာန္ ဘုရားေက်ာင္းေတြနဲ႔ ဟိုတယ္ေတြမွာ ဗံုးခြဲမႈေတြေၾကာင့္ ေသဆံုးသူ ၂၉၀ ရွိၿပီး ဒဏ္ရာရသူ ၅၀၀ ရွိပါတယ္။ တိုက္ခိုက္သူေတြရဲ႕ ခႏၶာကုိယ္ အပိုင္းအစေတြကို စစ္ေဆးခ်က္အရ အေသခံဗံုးခြဲသူေတြ ျဖစ္တယ္လို႔ မႈခင္း ေဆးပညာရွင္ အရိယနႏၵ ေဝလိဂၤက ေျပာပါတယ္။

တိုက္ခိုက္မႈ အမ်ားစုမွာ တစ္ေနရာကို အေသခံဗံုးခြဲသူ တစ္ဦးစီ ျဖစ္ၿပီး ကိုလမ္ဘိုရွိ ရွန္ဂရီလာ ဟိုတယ္မွာေတာ့ အေသခံဗံုးခြဲသူက ႏွစ္ဦးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

အေသခံ ဗံုးခြဲမႈေတြ လုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့ ေထာက္လွမ္းေရး သတိေပးခ်က္ေတြ ရွိခဲ့တယ္ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း သီရိလကၤာ ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးေနပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာဗုံးခွဲမှုမှာ အသေခံ ဗုံးခွဲသူ ၇ ဦးရှိကြောင်း စုံစမ်းစစ်ဆေးရေးသမားတွေ ပြော

သီရိလင်္ကာနိုင်ငံမှာ အီစတာ ဆန်းဒေးပွဲတော် အတွင်း ဗုံးခွဲမှုတွေမှာ အသေခံ ဗုံးခွဲသူ ၇ ဦး ရှိတယ်လို့ အစိုးရ စုံစမ်းစစ်ဆေးရေးသမားတွေက ပြောပါတယ်။

အီစတာနေ့မှာ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဗုံးခွဲမှုတွေကြောင့် သေဆုံးသူ ၂၉၀ ရှိပြီး ဒဏ်ရာရသူ ၅၀ဝ ရှိပါတယ်။ တိုက်ခိုက်သူတွေရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို စစ်ဆေးချက်အရ အသေခံဗုံးခွဲသူတွေ ဖြစ်တယ်လို့ မှုခင်း ဆေးပညာရှင် အရိယနန္ဒ ဝေလိင်္ဂက ပြောပါတယ်။

တိုက်ခိုက်မှု အများစုမှာ တစ်နေရာကို အသေခံဗုံးခွဲသူ တစ်ဦးစီ ဖြစ်ပြီး ကိုလမ်ဘိုရှိ ရှန်ဂရီလာ ဟိုတယ်မှာတော့ အသေခံဗုံးခွဲသူက နှစ်ဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အသေခံ ဗုံးခွဲမှုတွေ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတိပေးချက်တွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သီရိလင်္ကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

?bph6