သီရိလကၤာ ဗံုးကြဲမႈမွာ ႏိုင္ငံျခားသား ၃၆ ဦး ေသဆံုးၿပီး ၉ ဦး ေပ်ာက္ဆံုး

0
312

သီရိလကၤာ ႏိုင္ငံမွာ အီစတာ ဆန္းေဒး ဗံုးခြဲတိုက္ခိုက္မႈေတြအတြင္း ႏိုင္ငံျခားသား ၃၆ ဦး ေသဆံုးၿပီး ၉ ဦး ေပ်ာက္ဆံုးေနပါတယ္။

ကိုလံဘို၊ ေနဂြန္ဘိုနဲ႔ ဘတ္တီကာလိုအာ ၿမိဳ႕ေတြမွာ ဗံုးခြဲတိုက္ခိုက္မႈေတြ အတြင္း ေသဆံုးတဲ့ ႏိုင္ငံျခားသား ၃၆ ဦးအနက္ ႏိုင္ငံသား ေဖာ္ထုတ္ႏိုင္သမွ်က အိႏၵိယ ႏိုင္ငံက ၃ ဦး၊ ေပၚတူဂီက ၁ ဦး၊ တူရကီက ၂ ဦး၊ ၿဗိတိန္က ၃ ဦး၊ အေမရိကန္နဲ႔ ၿဗိတိန္ ႏွစ္ႏိုင္ငံသားခံယူထားသူက ၂ ဦးတို႔ ျဖစ္ေၾကာင္း သီရိလကၤာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ က်န္ ႏိုင္ငံျခားသားေတြကိုေတာ့ ဘယ္သူဘယ္ဝါဆိုတာ မေဖာ္ထုတ္ႏိုင္ေသးပါဘူး။

ဒါ့အျပင္ ေပ်ာက္ဆံုးေၾကာင္း သတင္းပို႔ထားတဲ့ ႏိုင္ငံျ့ခားသားက ၉ ဦးရွိတယ္လို႔ ကိုလံဘို မႈခင္းေဆးတပ္ဖြဲ႔႐ံုးက ေျပာပါတယ္။ ဒဏ္ရာရတဲ့ ႏိုင္ငံျခားသားက ၁၉ ဦး ရွိတယ္လို႔ ကိုလံဘို အမ်ိဳးသား ေဆး႐ံုက ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာ ဗုံးကွဲမှုမှာ နိုင်ငံခြားသား ၃၆ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံး

သီရိလင်္ကာ နိုင်ငံမှာ အီစတာ ဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း နိုင်ငံခြားသား ၃၆ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေပါတယ်။

ကိုလံဘို၊ နေဂွန်ဘိုနဲ့ ဘတ်တီကာလိုအာ မြို့တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ အတွင်း သေဆုံးတဲ့ နိုင်ငံခြားသား ၃၆ ဦးအနက် နိုင်ငံသား ဖော်ထုတ်နိုင်သမျှက အိန္ဒိယ နိုင်ငံက ၃ ဦး၊ ပေါ်တူဂီက ၁ ဦး၊ တူရကီက ၂ ဦး၊ ဗြိတိန်က ၃ ဦး၊ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံသားခံယူထားသူက ၂ ဦးတို့ ဖြစ်ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကျန် နိုင်ငံခြားသားတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။

ဒါ့အပြင် ပျောက်ဆုံးကြောင်း သတင်းပို့ထားတဲ့ နိုင်ငြံ့ခားသားက ၉ ဦးရှိတယ်လို့ ကိုလံဘို မှုခင်းဆေးတပ်ဖွဲ့ရုံးက ပြောပါတယ်။ ဒဏ်ရာရတဲ့ နိုင်ငံခြားသားက ၁၉ ဦး ရှိတယ်လို့ ကိုလံဘို အမျိုးသား ဆေးရုံက ပြောပါတယ်။

?bph6