အေမရိကန္မွာ ခရစ္ယာန္ ဘုရားေက်ာင္းထဲ လက္နက္ကိုင္ ၿခိမ္းေျခာက္တဲ့ အမ်ိဳးသမီး အဖမ္းခံရ

0
258


သီရိလကၤာႏိုင္ငံမွာ ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ႔ ဟိုတယ္ေတြမွာ ဗံုးခြဲတိုက္ခိုက္မႈေတြ ျဖစ္ပြားမႈေၾကာင့္ ဂယက္႐ိုက္ေနစဥ္ အေမရိကန္ႏိုင္ငံ၊ ဆန္ဒီဂိုၿမိဳ႕ရွိ ဘုရားေက်ာင္းတစ္ေက်ာင္းအတြင္း အမ်ိဳးသမီးတစ္ဦးက လက္နက္ကိုင္ေဆာင္ ဝင္ေရာက္ၿပီး ၿခိမ္းေျခာက္မႈ ျဖစ္ပြားခဲ့ပါတယ္။

မေန႔ ဧၿပီလ ၂၁ ရက္ေန႔မွာ ကေလးတစ္ေယာက္နဲ႔ အမ်ိဳးသမီးက ေသနတ္တစ္လက္နဲ႔ ခရစ္ယာန္ ဘုရားေက်ာင္းထဲ ဝင္လာၿပီး ေဖာက္ခြဲျဖစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေပမယ့္ သူ႔ကို အခ်ိန္မီ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဘုရားဝတ္ျပဳဖို႔ ေရာက္ရွိေနသူေတြက အမ်ိဳးသမီးဆီက ေသနတ္ကို လုယူဖယ္ရွားၿပီး ကေလးကို ေခၚယူလိုက္ၾကပါတယ္။

ရဲက ႏွစ္မိနစ္အၾကာမွာ ေရာက္လာၿပီး အဲဒီ အမ်ိဳးသမီးကို ဖမ္းေခၚသြားပါတယ္။ အသက္ ၃၀ ဝန္းက်င္ရွိ အမ်ိဳးသမီးဟာ ကေလးတစ္ဖက္နဲ႔ ဘုရားေက်ာင္း စင္ျမင့္ေပၚ တက္သြားၿပီး ေသနတ္ကို ေဝွ႔ယမ္းကာ ဘုရားေက်ာင္းကို ေဖာက္ခြဲပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသမီးကို ဖမ္းဆီးၿပီးေနာက္ ဘုရားေက်ာင္းတြင္း ေက်ာင္းျပင္ကို ရဲအရာရွိေတြက စစ္ေဆးရွာေဖြခဲ့ၾကပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ ခရစ်ယာန် ဘုရားကျောင်းထဲ လက်နက်ကိုင် ခြိမ်းခြောက်တဲ့ အမျိုးသမီး အဖမ်းခံရ

သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားမှုကြောင့် ဂယက်ရိုက်နေစဉ် အမေရိကန်နိုင်ငံ၊ ဆန်ဒီဂိုမြို့ရှိ ဘုရားကျောင်းတစ်ကျောင်းအတွင်း အမျိုးသမီးတစ်ဦးက လက်နက်ကိုင်ဆောင် ဝင်ရောက်ပြီး ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ကလေးတစ်ယောက်နဲ့ အမျိုးသမီးက သေနတ်တစ်လက်နဲ့ ခရစ်ယာန် ဘုရားကျောင်းထဲ ဝင်လာပြီး ဖောက်ခွဲဖြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် သူ့ကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဘုရားဝတ်ပြုဖို့ ရောက်ရှိနေသူတွေက အမျိုးသမီးဆီက သေနတ်ကို လုယူဖယ်ရှားပြီး ကလေးကို ခေါ်ယူလိုက်ကြပါတယ်။

ရဲက နှစ်မိနစ်အကြာမှာ ရောက်လာပြီး အဲဒီ အမျိုးသမီးကို ဖမ်းခေါ်သွားပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးဟာ ကလေးတစ်ဖက်နဲ့ ဘုရားကျောင်း စင်မြင့်ပေါ် တက်သွားပြီး သေနတ်ကို ဝှေ့ယမ်းကာ ဘုရားကျောင်းကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးကို ဖမ်းဆီးပြီးနောက် ဘုရားကျောင်းတွင်း ကျောင်းပြင်ကို ရဲအရာရှိတွေက စစ်ဆေးရှာဖွေခဲ့ကြပါတယ်။

?bph6