ပါကစၥတန္ ထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသနဲ႔ ကုန္သြယ္မႈ အိႏၵိယ ဆုိင္းငံ့

0
124

ပါကစၥတန္ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသနဲ႔ နယ္စပ္ကုန္သြယ္မႈ ျပဳလုပ္တာကို အိႏၵိယႏုိင္ငံဘက္က ဆုိင္းငံ့လုိက္ပါတယ္။

အိႏၵိယနဲ႔ ပါကစၥတန္ႏုိင္ငံတုိ႔ဟာ ကက္ရွ္မီးယားေဒသကို တစ္ဝက္စီ ထိန္းခ်ဳပ္ထားၿပီး ကက္ရွ္မီးယား နယ္စပ္ အေရးနဲ႔ ပတ္သက္လို႔ ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ ရွိေနပါတယ္။ အိႏၵိယ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသအတြင္း မူးယစ္ေဆးဝါးနဲ႔ လက္နက္တင္ပို႔တာေတြကို ၿဖိဳခြင္းေနတာေၾကာင့္    နယ္စပ္ကုန္သြယ္ေရးကို ဆုိင္းငံ့ထားတာ ျဖစ္တယ္လို႔ အိႏၵိယဘက္က ေျပာပါတယ္။

စစ္ေသြးၾကြအုပ္စုေတြက ကက္ရွ္မီးယားနယ္စပ္ေဒကို အသံုးျပဳၿပီး အိႏၵိယႏိုင္ငံထဲကို လက္နက္ေတြ၊   မူးယစ္ေဆး၀ါးေတြနဲ႔ အိႏၵိယ ေငြေၾကးအတုေတြ တင္ပို႔ေနတယ္လို႔ အိႏၵိယ အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အိႏၵိယ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့လအတြင္းက အိႏၵိယတပ္ဖြဲ႔ဝင္ ၄၀ ေသဆံုးတဲ့ အၾကမ္းဖက္တုိက္ခိုက္မႈ ျဖစ္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ရွိေနပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန် ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသနဲ့ ကုန်သွယ်မှု အိန္ဒိယ ဆိုင်းငံ့

ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသနဲ့ နယ်စပ်ကုန်သွယ်မှု ပြုလုပ်တာကို အိန္ဒိယနိုင်ငံဘက်က ဆိုင်းငံ့လိုက်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ကက်ရှ်မီးယားဒေသကို တစ်ဝက်စီ ထိန်းချုပ်ထားပြီး ကက်ရှ်မီးယား နယ်စပ် အရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေပါတယ်။ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအတွင်း မူးယစ်ဆေးဝါးနဲ့ လက်နက်တင်ပို့တာတွေကို ဖြိုခွင်းနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို ဆိုင်းငံ့ထားတာ ဖြစ်တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

စစ်သွေးကြွအုပ်စုတွေက ကက်ရှ်မီးယားနယ်စပ်ဒေကို အသုံးပြုပြီး အိန္ဒိယနိုင်ငံထဲကို လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ အိန္ဒိယ ငွေကြေးအတုတွေ တင်ပို့နေတယ်လို့ အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ ပြီးခဲ့တဲ့လအတွင်းက အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ရှိနေပါတယ်။

?bph6