
0
136




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ကို ပေါင် ၈၆ သန်းနဲ့ ရီးရဲမက်ဒရစ် ခေါ်ယူဖို့ နီးစပ်နေ

ရီးရဲမက်ဒရစ် အသင်းက ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေ ထက်ပေါ်နေပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတာဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းတွေကလည်း ဖော်ပြကြပါတယ်။ ရီးရဲမက်ဒရစ်က ပေးမယ့် ပြောင်းရွှေ့ကြေး ဈေးနှုန်းက ဟာဇက် အတွက် ချဲလ်ဆီး တောင်းဆိုထားတဲ့ ပေါင် ၁၀ဝ သန်းအောက် လျှော့နေပါတယ်။

ရီးရဲမက်ဒရစ် အသင်းဟာ လက်ရှိရာသီမှာ မျှော်လင့်သလောက် ရလဒ်မကောင်းတာကြောင့် ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကို လာမယ့်အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ပေါင် ၄၃၀ သန်း ထုတ်ပေးဖွယ်ရှိပါတယ်။

?bph6