
0
134




ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တရုတ် စစ်မှုထမ်းဟောင်းတွေ ထောင်ဒဏ်ချမှတ်ခံရ

အခွင့်အရေး နည်းပါးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း သုံးဒါဇင်ကျော်ကို တရုတ်တရားရုံးတစ်ရုံးက ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။


တရုတ် စစ်မှုထမ်းဟောင်းတွေဟာ ရရှိတဲ့ ခံစားခွင့် အခွင့်အရေး နည်းပါးမှုကြောင့် ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါပါတယ်။ စစ်မှုထမ်းဟောင်းတွေက စစ်မှုထမ်း ကာလအတွင်း လုံလောက်တဲ့ လျှော်ကြေးမရတဲ့ အတွက် ဆန္ဒပြခဲ့တာဖြစ်ကြောင်း ပြောပါတယ်။


တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်နဲ့ ဂျန်ဆူ ပြည်နယ်တို့မှ တရားရုံးတွေက ဆန္ဒပြပွဲမှာ ပါဝင်တဲ့ စစ်မှုထမ်းဟောင်းတွေကို ထောင်ဒဏ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ တရုတ် စစ်မှုထမ်းဟောင်း ၄၇ ဦးကို ထောင်ဒဏ် ၆ နှစ်ဆီ အပြစ်ပေးခဲ့ဖူးပါတယ်။


?bph6