
0
143





ဧပြီလ ၃၀ မှာ ဂျပန်ဘုရင်ကြီး ထီးနန်းစွန့်ပွဲ အခမ်းနားလုပ်မယ်


ဧကရာဇ်ဘုရင်ကြီး အာကီဟီတိုရဲ့ ထီးနန်းစွန့်တဲ့ အခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့မှာ ကျင်းပဖို့ ဂျပန်အစိုးရက တရားဝင်ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။


အဲဒီ အခမ်းအနားကို ဂျပန်ရဲ့ ဥပဒေပြု အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့တွေရဲ့အကြီးအကဲတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲတွေ အပါအဝင် ဂုဏ်သရေရှိ ပုဂ္ဂိုလ် ၃၃၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။

ထီးနန်းစွန့် အခမ်းအနားမှာ ဧကရာဇ်ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ အခန်းအတွင်း ဝင်ရောက်လာတဲ့အခါ တော်ဝင်ထီးနန်းရဲ့ သင်္ကေတ ၃ ခုထဲက နှစ်မျိုးဖြစ်တဲ့ ဓားနဲ့ ကျောက်သံပတ္တမြား ကို အန်းလို့ခေါ်တဲ့ စင်မြင့်ပေါ်မှာ ထားရှိထားမှာ ဖြစ်ပါတယ်။


ဝန်ကြီးချုပ် ရှင်းဇိုးအာဘေးဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ပြဌာန်းခဲ့တဲ့ အထူးဥပဒေအပေါ် အခြေခံပြီး ဧကရာဇ်ဘုရင်ကြီးဟာ ထီးနန်းစွန့်မှာ ဖြစ်တယ်ဆိုတာကို ကြေညာမှာ ဖြစ်ပါတယ်။ ဂျပန်ပြည်သူလူထုရဲ့ ကိုယ်စား ဧကရာဇ်ဘုရင်ကြီးကို အထူးပင် ကျေးဇူးတင်လေးစား ဂုဏ်ယူပါတယ်ဆိုတာကို ဝန်ကြီးချုပ်အာဘေးက ပြောဆိုမှာဖြစ်ပါတယ်။


?bph6