မဲေပးမွားခဲ့လို႔ အိႏၵိယႏိုင္ငံသား ကိုယ့္လက္ညိႇဳးကိုယ္ ဓားနဲ႔ျဖတ္

0
342

အိႏၵိယႏုိင္ငံသား တစ္ဦးဟာ ၿပီးခဲတ့ဲ့ ဧၿပီ ၁၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ ပါတီမွားၿပီး မဲေပးခဲ့တဲ့အတြက္ သူ႔ရဲ႕လက္ညွိဳးကို ကိုယ္တုိင္ျဖတ္ပစ္ခဲ့ပါတယ္။

ပါဝမ္ကူးမား ဆုိသူက မဲေပးတဲ့စက္ေၾကာင့္ မဲေပးရမယ့္ပါတီ မွားယြင္းေပးခဲ့ေၾကာင္း၊ သူအေနနဲ႔   အိႏၵိယ အတုိက္ခံပါတီကို မဲေပးလုိေပမယ့္ အမွားအယြင္းေၾကာင့္ လက္ရွိ ဝန္ႀကီးခ်ဳပ္ မိုဒီရဲ႕ ပါတီကို မဲေပးမိခဲ့ေၾကာင္း ေျပာပါတယ္။  

ကူးမားဟာ မဲေပးမႈ မွားယြင္းခဲ့တာကို သိရွိၿပီးေနာက္ အိမ္ကိုျပန္သြားခဲ့ၿပီး လက္ညိွုဳးကို ဓားနဲ႔ျဖတ္ခဲ့ကာ လက္ညွိဳးကို ဓားနဲ႔ျဖတ္တဲ့ ႐ုပ္သံဖုိင္ကုိလည္း လူမူကြန္ရက္မွာ တင္ခဲ့ပါတယ္။ လက္ညိွဳးကို ဓားနဲ႔ျဖတ္ဖုိ႔ ဘယ္သူကမွ ဖိအားေပးတာ မရွိခဲ့ေၾကာင္း၊ မဲေပးလုိတဲ့ ပါတီကို မဲမေပးခဲ့ရတဲ့အတြက္ စိတ္ပ်က္ခဲ့ရေၾကာင္း ကူးမားက ေျပာပါတယ္။

မဲပေးမှားခဲ့လို့ အိန္ဒိယနိုင်ငံသား ကိုယ့်လက်ညှိုးကိုယ် ဓားနဲ့ဖြတ်


အိန္ဒိယနိုင်ငံသား တစ်ဦးဟာ ပြီးခဲတဲ့့ ဧပြီ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးခဲ့တဲ့အတွက် သူ့ရဲ့လက်ညှိုးကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့ပါတယ်။

ပါဝမ်ကူးမား ဆိုသူက မဲပေးတဲ့စက်ကြောင့် မဲပေးရမယ့်ပါတီ မှားယွင်းပေးခဲ့ကြောင်း၊ သူအနေနဲ့ အိန္ဒိယ အတိုက်ခံပါတီကို မဲပေးလိုပေမယ့် အမှားအယွင်းကြောင့် လက်ရှိ ဝန်ကြီးချုပ် မိုဒီရဲ့ ပါတီကို မဲပေးမိခဲ့ကြောင်း ပြောပါတယ်။

ကူးမားဟာ မဲပေးမှု မှားယွင်းခဲ့တာကို သိရှိပြီးနောက် အိမ်ကိုပြန်သွားခဲ့ပြီး လက်ညှိုးကို ဓားနဲ့ဖြတ်ခဲ့ကာ လက်ညှိုးကို ဓားနဲ့ဖြတ်တဲ့ ရုပ်သံဖိုင်ကိုလည်း လူမူကွန်ရက်မှာ တင်ခဲ့ပါတယ်။ လက်ညှိုးကို ဓားနဲ့ဖြတ်ဖို့ ဘယ်သူကမှ ဖိအားပေးတာ မရှိခဲ့ကြောင်း၊ မဲပေးလိုတဲ့ ပါတီကို မဲမပေးခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့ရကြောင်း ကူးမားက ပြောပါတယ်။


?bph6