လူငယ္ေဘာလံုးသမားေတြကို ကယ္တင္ခဲ့တဲ့ ေရငုပ္သမားေတြကို ထုိင္းဘုရင့္ ဂုဏ္ထူးေဆာင္ဘဲြ႔ ခ်ီးျမွင့္

0
94

ထိုင္း လူငယ္ေဘာလံုးအသင္းက  လူငယ္ ၁၂ ဦးကို အသက္စြန္႔ ကယ္တင္ခဲ့တဲ့ ၾသစေၾတးလ်  ေရငုပ္သမား ႏွစ္ဦးကို ထုိင္းဘုရင့္နန္းေတာ္က ေတာ္ဝင္ဂုဏ္ထူးေဆာင္ဆု ခ်ီးျမွင့္လိုက္ပါတယ္။  

အသက္ ၁၁ ႏွစ္နဲ႔ ၁၆ ႏွစ္အရြယ္ၾကားရွိ  Wild Boars အသင္း လူငယ္ေတြနဲ႔ အသက္ ၂၅ ႏွစ္အရြယ္ရွိ နည္းျပတုိ႔ဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်င္း႐ိုင္ေဒသေျမာက္ပိုင္းရွိ ေရျပည့္ေနတဲ့ လိုဏ္ဂူအတြင္း  ပိတ္မိေနခဲ့ပါတယ္။ လိုဏ္ဂူအတြင္း ပိတ္မိေနတဲ့ လူငယ္ေတြကို ကယ္တင္ႏုိင္ဖုိ႔ ကမာၻတဝွမ္းက ကူညီအားေပးခဲ့ၿပီး ကယ္တင္ႏုိင္ဖုိ႔ ၁၇ ရက္ၾကာ ႀကိဳးစားခဲ့ရပါတယ္။

ၾသစေၾတးလ်ႏိုင္ငံက ရစ္ခ်က္ ဟာရစ္နဲ႔ ကိတ္ခ်ယ္လန္တုိ႔က ေရျပည့္ေနတဲ့ လုိဏ္ဂူထဲကေန လူငယ္ေတြကို ကယ္တင္ရာမွာ အဓိက အက်ဆံုးသူေတြ ျဖစ္ပါတယ္။ လူငယ္ေတြကို ကယ္တင္ႏုိင္ဖုိ႔  ကမာၻတဝွမ္းက ေရငုပ္သမား ၁၃ ဦးနဲ႔ ထုိင္းေရငုပ္သမား ၅ ဦးတုိ႔ ပူးေပါင္းပါဝင္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ဘောလုံးသမားတွေကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမားတွေကို ထိုင်းဘုရင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

ထိုင်း လူငယ်ဘောလုံးအသင်းက လူငယ် ၁၂ ဦးကို အသက်စွန့် ကယ်တင်ခဲ့တဲ့ သြစတြေးလျ ရေငုပ်သမား နှစ်ဦးကို ထိုင်းဘုရင့်နန်းတော်က တော်ဝင်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်အရွယ်ကြားရှိ Wild Boars အသင်း လူငယ်တွေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိ နည်းပြတို့ဟာ ပြီးခဲ့တဲ့နှစ်က ချင်းရိုင်ဒေသမြောက်ပိုင်းရှိ ရေပြည့်နေတဲ့ လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့ပါတယ်။ လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်တင်နိုင်ဖို့ ကမ္ဘာတဝှမ်းက ကူညီအားပေးခဲ့ပြီး ကယ်တင်နိုင်ဖို့ ၁၇ ရက်ကြာ ကြိုးစားခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံက ရစ်ချက် ဟာရစ်နဲ့ ကိတ်ချယ်လန်တို့က ရေပြည့်နေတဲ့ လိုဏ်ဂူထဲကနေ လူငယ်တွေကို ကယ်တင်ရာမှာ အဓိက အကျဆုံးသူတွေ ဖြစ်ပါတယ်။ လူငယ်တွေကို ကယ်တင်နိုင်ဖို့ ကမ္ဘာတဝှမ်းက ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေငုပ်သမား ၅ ဦးတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

?bph6