ထိုင္း အစၥလာမ္ ဘာသာေရးဆရာမ ငါးဦး ယာဥ္တိုက္မႈမွာ ေသဆံုး

0
194

မေလးရွားႏိုင္ငံမွာ ျဖစ္ပြားတဲ့ ယာဥ္တိုက္မႈအတြင္း ထိုင္းႏိုင္ငံသား အစၥလာမ္ ဘာသာေရး ဆရာမ ငါးဦး ေသဆံုးၿပီး တျခား ခုနစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီေန႔ ဧၿပီလ ၁၀ ရက္ မနက္ပိုင္းက မေလးရွားႏိုင္ငံ၊ ကီလန္တန္မွာ သူတို႔ကို တင္ေဆာင္လာတဲ့ ဗင္ကားက သစ္ပင္ကို ဝင္တိုက္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ဟာ အားလပ္ရက္ အျဖစ္ ထိုင္းႏိုင္ငံကို ျပန္လာတာ ျဖစ္ပါတယ္။ ယာဥ္တိုက္မႈဟာ မနက္ ၄ နာရီေလာက္မွာ ျဖစ္ပြားခဲ့ေၾကာင္း၊ အသက္ ၃၆ ႏွစ္အရြယ္ ကားေမာင္သမားလည္း ဒဏ္ရာရေၾကာင္း မေလးရွားရဲက ေျပာပါတယ္။

ဘာသာေရးဆရာမ ေလးဦးဟာ အခင္းျဖစ္ပြားရာမွာ ေသဆံုးၿပီး တစ္ဦးက ေဆး႐ံုေရာက္မွ ေသဆံုးတာ ျဖစ္ပါတယ္။ အစၥလာမ္ ဘာသာေရး ဆရာမေတြဟာ ထိုင္းႏိုင္ငံေတာင္ပိုင္း အစၥလာမ္ဘာသာဝင္ အမ်ားစု ေနထိုင္တဲ့ နာရာသီဝပ္ျပည္နယ္၊ ရန္ဂတ္ရွိ ဆီကိုလာ အာဂမ ဒါရက္ဆလမ္က ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း အစ္စလာမ် ဘာသာရေးဆရာမ ငါးဦး ယာဉ်တိုက်မှုမှာ သေဆုံး

မလေးရှားနိုင်ငံမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုအတွင်း ထိုင်းနိုင်ငံသား အစ္စလာမ် ဘာသာရေး ဆရာမ ငါးဦး သေဆုံးပြီး တခြား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီလ ၁၀ ရက် မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကီလန်တန်မှာ သူတို့ကို တင်ဆောင်လာတဲ့ ဗင်ကားက သစ်ပင်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အားလပ်ရက် အဖြစ် ထိုင်းနိုင်ငံကို ပြန်လာတာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုဟာ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် ကားမောင်သမားလည်း ဒဏ်ရာရကြောင်း မလေးရှားရဲက ပြောပါတယ်။

ဘာသာရေးဆရာမ လေးဦးဟာ အခင်းဖြစ်ပွားရာမှာ သေဆုံးပြီး တစ်ဦးက ဆေးရုံရောက်မှ သေဆုံးတာ ဖြစ်ပါတယ်။ အစ္စလာမ် ဘာသာရေး ဆရာမတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ နာရာသီဝပ်ပြည်နယ်၊ ရန်ဂတ်ရှိ ဆီကိုလာ အာဂမ ဒါရက်ဆလမ်က ဖြစ်ပါတယ်။

?bph6