အနာဂတ္နဲ႔ ပတ္သက္လုိ႔ ထြက္ေနတဲ့ သတင္းေတြကို အာ႐ံုမစိုက္ဘူးလုိ႔ မာတာ ေျပာ

0
156

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ မာတာက သူ႔အနာဂတ္နဲ႔ ပတ္သက္လို႔ ထင္ျမင္ခ်က္ မ်ိဳးစံု ထြက္ေပၚေနတာကို အာ႐ံုမစိုက္ဘူးလုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။  

စပိန္ကြင္းလယ္လူ မာတာဟာ ရာသီကုန္ခ်ိန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္း တုိးႏိုင္ဖုိ႔ ေဆြးေႏြးေနပါတယ္။ မာတာနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တုိ႔ရဲ႕ ေဆြးေႏြးမႈက အၿပီးသတ္ သေဘာတူညီမႈ မရရွိေသးပါဘူး။

မန္ခ်က္စတာ ယူႏုိက္တက္က မာတာကို အသင္းမွာ ဆက္ထိန္းထားလိုၿပီး အနည္းဆံုး ၂ ႏွစ္ သက္တမ္းရွိ စာခ်ဳပ္လက္မွတ္ထုိးဖုိ႔ လုိလားတယ္လို႔ ေျပာထားပါတယ္။ မာတာက လက္ရွိအခ်ိန္မွာ ဘာမွ မစဥ္းစားေၾကာင္း၊ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ရင္ဆုိင္ရမယ့္ ပြဲစဥ္ေတြက အေရးႀကီးတာေၾကာင့္ အသင္း ကစားမယ့္ ပြဲေတြကို အာ႐ံုစိုက္ေနေၾကာင္း ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနာဂတ်နဲ့ ပတ်သက်လို့ ထွက်နေတဲ့ သတင်းတွေကို အာရုံမစိုက်ဘူးလို့ မာတာ ပြော

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မာတာက သူ့အနာဂတ်နဲ့ ပတ်သက်လို့ ထင်မြင်ချက် မျိုးစုံ ထွက်ပေါ်နေတာကို အာရုံမစိုက်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စပိန်ကွင်းလယ်လူ မာတာဟာ ရာသီကုန်ချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်း တိုးနိုင်ဖို့ ဆွေးနွေးနေပါတယ်။ မာတာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဆွေးနွေးမှုက အပြီးသတ် သဘောတူညီမှု မရရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်က မာတာကို အသင်းမှာ ဆက်ထိန်းထားလိုပြီး အနည်းဆုံး ၂ နှစ် သက်တမ်းရှိ စာချုပ်လက်မှတ်ထိုးဖို့ လိုလားတယ်လို့ ပြောထားပါတယ်။ မာတာက လက်ရှိအချိန်မှာ ဘာမှ မစဉ်းစားကြောင်း၊ မန်ချက်စတာ ယူနိုက်တက်အသင်း ရင်ဆိုင်ရမယ့် ပွဲစဉ်တွေက အရေးကြီးတာကြောင့် အသင်း ကစားမယ့် ပွဲတွေကို အာရုံစိုက်နေကြောင်း ပြောပါတယ်။

?bph6