0
233
<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တရုတ်ကျောင်းသား ကနေဒါမှာ ပြန်ပေးဆွဲခံရတယ်လို့ ကောင်စစ်ဝန် ပြော
ကနေဒါနိုင်ငံ၊ တိုရွန်မြို့၊ မာခမ်မှာ အသက် ၂၂ နှစ်အရွယ် တရုတ်ကျောင်းသားတစ်ဦး ပြန်ပေးဆွဲခံရတယ်လို့ တိုရွန်တိုရှိ တရုတ် ကောင်စစ်ဝန်ရုံးက ပြောပါတယ်။
တရုတ်ကျောင်းသား ဝမ်ဇင် လူကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ မျက်နှာဖုံးတပ်ပြီး လက်နက်ကိုင်ထားတဲ့ သူတွေက ကွန်ဒိုအဆောက်အအုံ ကားရပ်တဲ့နေရာမှာ ဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။ ရဲတွေကို အကူအညီ တောင်းထားပြီး တရုတ်နိုင်ငံရှိ သူ့မိဘတွေကိုလည်း ဆက်သွယေ်နကြောင်း တရုတ်ကောင်စစ်ဝန်ရုံး ပြောခွင့်ရသူက ပြောပါတယ်။
လက်နက်ကိုင်ထားသူ သုံးဦးနဲ့ ကားမောင်းသမား တစ်ဦးတို့ဟာ အနက်ရောင် ဗင်ကားနဲ့ တရုတ်ကျောင်းသားကို ဖမ်းခေါ်သွားကြောင်း၊ ပြန်ပေးဆွဲသူတွေရဲ့ ကားမှာ နံပါတ်ပြား မပါကြောင်း၊ ကားဟာ ဝှီးချဲထိုင်ခုံ တင်လို့ရအောင် လုပ်ထားတဲ့ ကားဖြစ်ပြီး ခိုးယူလာပုံရကြောင်း ကနေဒါရဲက ပြောပါတယ်။
?bph6