ေအာ္ရန္အူတန္ လူဝံေပါက္ကေလးကို ခိုးထုတ္ဖို႔ ႀကိဳးစားတဲ့ ႐ုရွားကို ဖမ္းဆီး

0
200

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကြ်န္းကေန ေအာ္ရန္အူတန္ လူဝံေပါက္ကေလး တစ္ေကာင္ကို ခရီးေဆာင္အိတ္ထဲထည့္ၿပီး ခိုးထုတ္ဖို႔ ႀကိဳးပမ္းတဲ့ ႐ုရွားႏုိင္ငံသားကို ဖမ္းဆီးလိုက္ေၾကာင္း အင္ဒိုနီးရွားရဲက ေျပာပါတယ္။

႐ုရွား ခရီးသြားရဲ႕ အိတ္ထဲမွာ ေတာက္တဲ့ေတြနဲ႔ ပုတ္သင္ေတြလည္း ေတြ႔ရွိခဲ့လို႔ ေတာ႐ိုင္းတိရစာၦန္ ေမွာင္ခိုမႈနဲ႔ ႐ုရွားႏုိင္ငံသားဟာ ေထာင္ဒဏ္ ငါးႏွစ္နဲ႔ အေမရိကန္ေဒၚလာ ၇ ေထာင္ ဒဏ္႐ိုက္ခံရဖြယ္ ရွိပါတယ္။ အန္ဒေရ ဇက္စေကာ့ဗ္ကို မတ္လ ၂၂ ရက္ေန႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေအာ္ရန္အူတန္ လူဝံေပါက္ကေလးကို အေမရိကန္ ေဒၚလာ ၃ ေထာင္နဲ႔ ဂ်ာဗားကြ်န္း၊ လမ္းေဘးေစ်းက ဝယ္ခဲ့ေၾကာင္း၊ ႏြားႏို႔ထဲ အိပ္ေဆးထည့္တိုက္ထားလို႔ ၁၀ နာရီၾကာ အိပ္ေပ်ာ္ေနစဥ္ ႐ုရွားႏိုင္ငံရွိ သူ႔ဇာတိၿမိဳ႕ ဗလာဒီေဗာ့စေတာ့ခ္ကို သယ္သြားဖို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ဇက္စေကာ့ဗ္က ဝန္ခံထြက္ဆိုထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အော်ရန်အူတန် လူဝံပေါက်ကလေးကို ခိုးထုတ်ဖို့ ကြိုးစားတဲ့ ရုရှားကို ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကနေ အော်ရန်အူတန် လူဝံပေါက်ကလေး တစ်ကောင်ကို ခရီးဆောင်အိတ်ထဲထည့်ပြီး ခိုးထုတ်ဖို့ ကြိုးပမ်းတဲ့ ရုရှားနိုင်ငံသားကို ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားရဲက ပြောပါတယ်။

ရုရှား ခရီးသွားရဲ့ အိတ်ထဲမှာ တောက်တဲ့တွေနဲ့ ပုတ်သင်တွေလည်း တွေ့ရှိခဲ့လို့ တောရိုင်းတိရစ္ဆာန် မှောင်ခိုမှုနဲ့ ရုရှားနိုင်ငံသားဟာ ထောင်ဒဏ် ငါးနှစ်နဲ့ အမေရိကန်ဒေါ်လာ ၇ ထောင် ဒဏ်ရိုက်ခံရဖွယ် ရှိပါတယ်။ အန်ဒရေ ဇက်စကော့ဗ်ကို မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အော်ရန်အူတန် လူဝံပေါက်ကလေးကို အမေရိကန် ဒေါ်လာ ၃ ထောင်နဲ့ ဂျာဗားကျွန်း၊ လမ်းဘေးဈေးက ဝယ်ခဲ့ကြောင်း၊ နွားနို့ထဲ အိပ်ဆေးထည့်တိုက်ထားလို့ ၁၀ နာရီကြာ အိပ်ပျော်နေစဉ် ရုရှားနိုင်ငံရှိ သူ့ဇာတိမြို့ ဗလာဒီဗော့စတော့ခ်ကို သယ်သွားဖို့ လုပ်ဆောင်ခဲ့ကြောင်း ဇက်စကော့ဗ်က ဝန်ခံထွက်ဆိုထားပါတယ်။

?bph6