
0
237




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် ပိုးသတ်ဆေး စက်ရုံ ပေါက်ကွဲမှု သေဆုံးသူ ၇၈ ဦးအထိ ရှိလာ

တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး္စက်ရုံ ပေါက်ကွဲမှု ဆေသုံးသူ ၇၈ ဦးအထိ မြင့်တက်လာပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူ ၁၃ ဦး ရှိနေပါတယ်။

ကျီယန်ဆုပြည်နယ်၊ ယန်ချင်မြို့၊ ချင်ဂျီယာဂန် စက်မှုဇုန်အတွင်း မတ်လ ၂၁ ရက်နေ့က စက်ရုံ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ စုစုပေါင်းက ၅၆၆ ဦး ရှိခဲ့ကြောင်း တရုတ်အစိုးရပိုင် ရုပ်သံက ကြေညာပါတယ်။ ပိုးသတ်ဆေးစက်ရုံ ပေါက်ကွဲမှုကြောင့် လေထုညစ်ညမ်းမှု အဆင့်ကိုလည်း တိုင်းတာ စစ်ဆေးနေပါတယ်။

ဓာတုဗေဒ စက်ရုံတွေ အကုန်လုံး အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေတွေကို စစ်ဆေးဖို့နဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေ စီမံခန့်ခွဲမှုကို တင်းကျပ်ဖို့ တရုတ်အစိုးရက လုပ်ဆောင်မှာ ဖြစ်ပါတယ်။

?bph6