မာလီ ေက်းရြာကို လက္နက္ကိုင္အဖြဲ႔ပစ္ခတ္၊ လူ ၁၃၀ ေက်ာ္ေသဆံုး

0
206

မာလီႏုိင္ငံ အေနာက္ပိုင္းရွိ ေက်းရြာတစ္ရြာကို လက္နက္ကိုင္အဖြဲ႔ တစ္ဖြဲ႔ ဝင္ေရာက္ပစ္ခတ္ခဲ့ရာ ရြာသား ၁၃၀ ေက်ာ္ ေသဆံုးသြားခဲ့တယ္လို႔  ကုလသမဂၢက ေျပာပါတယ္။

ေသနတ္ေတြအျပင္ လက္နက္ႀကီးေတြနဲ႔ ရြာကို တုိက္ခုိက္ခဲ့တာ ျဖစ္ေၾကာင္း၊  ေသဆံုးခဲ့သူေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ ပါဝင္ေၾကာင္း ကုလသမဂၢက ထုတ္ျပန္ပါတယ္။  ပစ္ခတ္မႈေတြေၾကာင့္ ရြာသား ၅၅ ဦး ဒဏ္ရာရသြားခဲ့ၿပီး ဒိုဂြန္လူမ်ိဳး ေသနတ္သမားေတြက တုိက္ခုိက္ခဲ့တာျဖစ္ေၾကာင္း မာလီအာဏာပိုင္ေတြက ေျပာပါတယ္။

မာလီႏိုင္ငံမွာ ေရနဲ႔ လယ္ယာေျမ ပိုင္ဆုိင္ေရးအတြက္ မတူညီတဲ့ လူမ်ိဳးအုပ္စုေတြၾကား တုိက္ခုိက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒိုဂြန္လူမ်ိဳး လက္နက္ကိုင္အဖြဲ႔က ပူလ္လူမ်ိဳး အုပ္စု၀င္ေတြဟာ အစၥလာမ္ စစ္ေသြးၾကြ အဖြဲ႔ေတြကို ကူညီပံပိုးသူေတြ ျဖစ္ေၾကာင္း  စြပ္စြဲထားပါတယ္။ ကုလသမဂၢ ၿငိမ္းခ်မ္းေရး အဖြဲ႔ေတြနဲ႔ မာလီအစိုးရဟာ မတူညီတဲ့ လူမ်ိဳးေတြၾကား ျဖစ္ေနတဲ့ တိုက္ခုိက္မႈေတြကို အဆံုးသတ္ႏုိင္ဖုိ႔ ႀကိဳးပမ္းေနရပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာလီ ကျေးရွာကို လက်နက်ကိုင်အဖွဲ့ပစ်ခတ်၊ လူ ၁၃၀ ကျော်သေဆုံး

မာလီနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရွာသား ၁၃၀ ကျော် သေဆုံးသွားခဲ့တယ်လို့  ကုလသမဂ္ဂက ပြောပါတယ်။

သေနတ်တွေအပြင် လက်နက်ကြီးတွေနဲ့ ရွာကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊  သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။  ပစ်ခတ်မှုတွေကြောင့် ရွာသား ၅၅ ဦး ဒဏ်ရာရသွားခဲ့ပြီး ဒိုဂွန်လူမျိုး သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း မာလီအာဏာပိုင်တွေက ပြောပါတယ်။

မာလီနိုင်ငံမှာ ရေနဲ့ လယ်ယာမြေ ပိုင်ဆိုင်ရေးအတွက် မတူညီတဲ့ လူမျိုးအုပ်စုတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒိုဂွန်လူမျိုး လက်နက်ကိုင်အဖွဲ့က ပူလ်လူမျိုး အုပ်စုဝင်တွေဟာ အစ္စလာမ် စစ်သွေးကြွ အဖွဲ့တွေကို ကူညီပံပိုးသူတွေ ဖြစ်ကြောင်း  စွပ်စွဲထားပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ မာလီအစိုးရဟာ မတူညီတဲ့ လူမျိုးတွေကြား ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

 

?bph6